■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 26 January 2024

ဝုလ်ဖ်ဘတ် - ကိုလုံး (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၉:၀၀ နာရီ)

ကိုလုံးအသင်း နောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ထားသလို၊ ဒီပွဲတွေမှာ သွင်းဂိုးကလည်း တစ်ဂိုးပဲရခဲ့တယ်။ ဝုလ်ဖ်ဘတ် နိုင်ပွဲပြန်ရဖို့များတယ်။



ဟော်ဖန်ဟင်မ် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၉:၀၀ နာရီ)

ဟိုင်းဟိုင်အသင်းရဲ့ လက်ရှိ Form က အတော်ကောင်းပါတယ်။ ဒါပေမဲ့ ဟော်ဖန်ဟင်မ် ပွဲကျပ်တွေကစားခဲ့ရတာ ထည့်တွက်သင့်ပြီး ဒီပွဲတော့ နိုင်ပွဲပြန်ယူလိမ့်မယ်။



၀ါဒါဘရီမင် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၉:၀၀ နာရီ)

ဖရိုင်းဘတ်အသင်းက နောက်ဆုံး(၇)ပွဲမှာ (၁)ပွဲပဲ အရေးနိမ့်ခဲ့တယ်။ ဘိုင်ယန်ကို ၀ါဒါဘရီမင် အနိုင်ကစားခဲ့ပေမဲ့ ဒီပွဲတော့ အမှတ်ပြည့်မရနိုင်ဘူး။



အော့စ်ဘတ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၉:၀၀ နာရီ)

၀ါဒါဘရီမင်အသင်းကို အိမ်ကွင်းမှာ မထင်မှတ်ဘဲ အရေးနိမ့်ခဲ့တာက ဘိုင်ယန်အဖို့ နောက်ထပ်အမှားလုပ်လို့မရတော့တဲ့အခြေအနေ ရောက်သွားတယ်။ အော့စ်ဘတ် နိုင်ပွဲပြန်ရထားပေမဲ့ ဘိုင်ယန်ကိုပဲ ရွေးချယ်ချင်တယ်။



စတုဂတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၉:၀၀ နာရီ)

အမှတ်ပေးဇယား အဆင့်(၃)နဲ့ (၄)နေရာမှာ ရပ်တည်နေကြတဲ့အသင်းတွေ ဆိုပေမဲ့ Winter Break အပြီး ပြိုင်ပွဲတွေ ပြန်ကစားချိန်မှာ ရလဒ်ဆိုးရွားနေကြတဲ့ (၂)သင်း တွေ့ဆုံကြတာပါ။ စတုဂတ်အသင်းက ဒီရာသီ အိမ်ကွင်းပွဲတွေမှာ ဒေါ့မွန်ကို အနိုင်၊ လေဗာကူဆင်ကို သရေကစားခဲ့ပြီး တစ်ပွဲသာ အရေးနိမ့်ခဲ့တယ်။ ဒါပေမဲ့ အာဖရိကနိုင်ငံများဖလားပွဲအတွက် ဂီဟာဆီကို စေလွှတ်ထားရတဲ့ စတုဂတ်တိုက်စစ်က ရုန်းကန်နေရတဲ့ အနေအထားပါ။ လိုက်ပ်ဇစ်အသင်းရဲ့အဝေးကွင်းကတော့ ပုံမှန်လောက်ပဲရှိပါတယ်။ လိုက်ပ်ဇစ်အသင်း အမှတ်တော့ရမှာပါ။



လေဗာကူဆင် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၁၂:၀၀ နာရီ)

ထိပ်တိုက်တွေ့ဆုံမှုတွေမှာ လေဗာကူဆင်ကို မိုချန်ဂလာဘတ်တို့ နောက်ဆုံးအနိုင်ရထားတာက ၂၀၁၉ ခုနှစ်ကပါ။ လက်ရှိအခြေအနေမှာ ဒီနှစ်သင်းကြား ခြားနားချက်က တော်တော်ကြီးမားလာတယ်။ ဘိုနီဖေ့စ်ကို ရာသီကုန်အထိ ဒဏ်ရာကြောင့် လေဗာကူဆင် လက်လွှတ်ရမှာဖြစ်ပေမဲ့ အသင်းရဲ့ Rhythm ကြောင့် ပြဿနာတော့ မရှိလောက်ပါဘူး။ လေဗာကူဆင် ဂိုးပြတ်နိုင်ဖို့ များတယ်။

Most Read

Most Recent