■ အာဖရိကနိုင်ငံများဖလား အုပ်စုနောက်ဆုံးပွဲစဉ်အပြီးတွင် နည်းပြများနှင့်လမ်းခွဲသည့်အသင်း (၅)သင်းအထိရှိလာ     

■ အာဖရိကနိုင်ငံများဖလား အုပ်စုနောက်ဆုံးပွဲစဉ်အပြီးတွင် နည်းပြများနှင့်လမ်းခွဲသည့်အသင်း (၅)သင်းအထိရှိလာ     
Photo: Getty Images
Photo: Getty Images
Published 26 January 2024

၂၀၂၃ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များ အပြီးတွင် နည်းပြများနှင့်လမ်းခွဲသည့် အသင်း (၅)သင်းအထိရှိလာကြောင်း သိရသည်။

    

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဇန်နဝါရီ (၁၃)ရက်တွင် စတင်ကျင်းပခဲ့ပြီး ဇန်နဝါရီ (၂၄) ရက်တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။ 

နောဆုံးပွဲစဉ်များအပြီးတွင် အုပ်စုတတိယ ဖြင့် (၁၆)သင်းအဆင့်တက်ရောက်ခဲ့သည့် အိမ်ရှင်အိုင်ဗရီကို့စ်အသင်းက နည်းပြ ယန်းလူးဝစ်ဂက်ဆက်ကို လည်းကောင်း၊ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည့် ဂါနာအသင်းက နည်းပြ ခရစ္စဟောက်တန်ကိုလည်းကောင်း ထုတ်ပယ်ခဲ့သည်။ 

အုပ်စုအောက်ဆုံးနေရာသာ ရပ်တည်နိုင်ခဲ့သည့် အယ်လ်ဂျီးရီးယားအသင်းမှာလည်း နည်းပြ ဘယ်လ်မာဒီနှင့် စာချုပ်ဖျက်သိမ်းခဲ့ သည်။ 

ထို့ပြင် အုပ်စုအောက်ဆုံးနေရာမှ ထွက်ခဲ့ရသည့် ဂမ်ဘီယာအသင်း နည်းပြ တွမ်စိန့်ဖိယက်နှင့် တူနီးရှားအသင်းနည်းပြ ခါဒရီတို့လည်း ရာထူး မှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

    

(၁၆) သင်းအဆင့်ပွဲစဉ်များကို ဇန်နဝါရီ ၂၇၊ ၂၈၊ ၂၉၊ ၃၀ ရက်တွင် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ရေပန်းအစားဆုံးဖြစ်နေသည့် အိမ်ရှင် ဆီနီဂေါအသင်းသည် ထိပ်တန်းပြိုင်ဘက်အသင်းတစ်သင်းဖြစ်သည့် အိမ်ရှင် အိုင်ဗရီကို့စ်နှင့် ဆုံတွေ့လျက်ရှိသည်။ 

Most Read

Most Recent