■ ဇာဗီ၏အနာဂတ်မှာ ဘုတ်အဖွဲ့အပေါ်တွင်သာ မူတည်ဟု နောက်ခံလူ အာရူဟို ဆို     

■ ဇာဗီ၏အနာဂတ်မှာ ဘုတ်အဖွဲ့အပေါ်တွင်သာ မူတည်ဟု နောက်ခံလူ အာရူဟို ဆို     
Photo: Getty Images
Photo: Getty Images
Published 26 January 2024

ဘာစီလိုနာအသင်း၏ နောက်ခံလူ အာရူဟိုက နည်းပြ ဇာဗီ၏အနာဂတ်မှာ ဘုတ်အဖွဲ့အပေါ်တွင်သာ မူတည်နေသည်ဟု သုံးသပ်ပြောကြားခဲ့သည်။ 

ဇာဗီသည် စပိန်ဘုရင့်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီး ယခုရာသီတွင် ဖလားလက်မဲ့ဖြစ်ရန် နီးစပ်နေသည့်အတွက် ဖိအားများ မြင့်တက်လျက်ရှိသည်။ 

"ဇာဗီရဲ့အနာဂတ်က ဘုတ်အဖွဲ့အပေါ်မှာပဲ မူတည်နေပါတယ်။ ကျွန်တော်တို့ ဘာမှဝင်စွက်ဖက်လို့ မရပါဘူး။ ကျွန်တော် သူနဲ့ လက်တွဲရတာ အရမ်းပျော်ပါတယ်။ သူက ကျွန်တော်တို့အပေါ် အကူအညီတွေလည်း အများကြီးပေးနိုင်ပါတယ်။ ဒါကြောင့် သူနဲ့ ဆက်ပြီးလက်တွဲသွားချင်ပါတယ်"ဟု အာရူဟိုက ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရသလို၊ လာလီဂါပြိုင်ပွဲတွင် ပွဲစဉ် (၂၀) ကစားအပြီးတွင် ရမှတ် (၄၄ မှတ်)ဖြင့် အဆင့် (၃) နေရာ၌ ရပ်တည်နေကာ အမှတ်ပေးဇယားထိပ်ဆုံးမှ ဂျီရိုနာအသင်း (၅၂ မှတ်)နှင့် (၈) မှတ် ကွာဟနေရသည်။ 

Most Read

Most Recent