ပိုချက်တီနိုအတွက် အသက်ကယ်ဖလား

ပိုချက်တီနိုအတွက် အသက်ကယ်ဖလား
Photo : Getty Images
Photo : Getty Images
Published 22 January 2024
Wai Yan Aung

ပိုချက်တီနိုရဲ့ ဆိုးရွားတဲ့ နည်းပြဘဝမှတ်တမ်းက အဆုံးသတ်ခဲ့ပြီလား။ ၂၀၀၉ ခုနှစ်ကတည်းက အက်စ်ပန်ညိုအသင်းနဲ့အတူ နည်းပြလောကထဲ စတင်ဝင်ရောက်ခဲ့တဲ့ အာဂျင်တီးနားသား ပိုချက်တီနိုဟာ PSG အသင်းကို မရောက်ခင်အထိ ဘာဆုဖလားမှ မရယူနိုင်ခဲ့ပါဘူး။ ဒါကြောင့် လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ စပါးအသင်းနဲ့ လမ်းခွဲရတဲ့အခြေအနေ ဆိုက်ရောက်ခဲ့တာဟာလည်း ဆုဖလားအောင်ပွဲ ရယူပေးနိုင်ခြင်းမရှိတာကြောင့်လို့ ဆိုနိုင်ပါတယ်။ သူက စပါးအသင်း ကို (၅)နှစ်ကျော် ကိုင်တွယ်ခဲ့ရာမှာ ဆုဖလားနဲ့ အနီးစပ်ဆုံးအဖြစ် လိဂ်ဖလားဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲကို တစ်ကြိမ်စီရောက်ရှိဖူးတာပဲ ရှိခဲ့တာပါ။

 

Most Read

Most Recent