စပိန်လာလီဂါပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 21 January 2024

အိုဆာဆူနာ - ဂီတာဖေး (တနင်္ဂနွေည ရး၃၀ နာရီ)

ဂီတာဖေးရဲ့ ခုနောက်ပိုင်းခြေစွမ်းက အဝေးကွင်းမှာပိုငြိမ် သလိုဖြစ်နေတယ်။ အိုဆာဆူနာကလည်း ဒီရာသီကစားပုံလျော့ သွားတဲ့အပြင် ဂီတာဖေးကိုလည်းအစဉ်အလာမှာပါသိပ်ပြီး ယှဉ် နိုင်လေ့မရှိပါဘူး။ ဂီတာဖေးနဲ့ ဂိုးအများပဲရွေးထားမယ်။

ရီးယဲလ်မက်ဒရစ် - အယ်မယ်ရီယာ (တနင်္ဂနွေည ၉း၄၅ နာရီ)

လက်ရှိရီးယဲလ်မက်ဒရစ်ရဲ့ ခြေစွမ်းနဲ့ အဆင့်အတန်းက ကျန်လာလီဂါအသင်းတွေထက် ခေါင်းတစ်လုံးလောက် သိသိသာ သာပိုမြင့်နေသလိုဖြစ်နေတယ်။ ဒါကိုပြီးခဲ့တဲ့ စပိန်စူပါဖလားဗိုလ် လုပွဲမှာ ဘာစီလိုနာနဲ့ကစားခဲ့တုန်းကလည်း ရီးယဲလ်မက်ဒရစ် သက်သေပြသွားခဲ့တယ်။ ရီးယဲလ်ရဲ့ လက်ရှိခြေစွမ်းအရ ပြိုင် ဘက်တိုင်းကို လိုရင်လိုသလိုကစားယူသွားလို့ရတဲ့ အဆင့်အ တန်းမျိုးရောက်နေပြီလို့ ဆိုရမှာပါ။ ဒါကြောင့် အခုအယ်မယ်ရီယာ နဲ့ပွဲမှာလည်း ရီးယဲလ်တို့ ဘယ်လောက်ထိအားစိုက်ကစားသွား မလဲဆိုတာကိုပဲ စောင့်ကြည့်ရမလိုဖြစ်နေတယ်။ ပြီးခဲ့တဲ့အပတ် က ဂျီရိုနာကို သရေရအောင်ခံကစားနိုင်ခဲ့ပေမယ့် အယ်မယ်ရီ ယာရဲ့ ခြေစွမ်းကလည်း ရီးယဲလ်ကိုယှဉ်နိုင်မယ့် အဆင့်အတန်း မျိုးမဟုတ်ပါဘူး။ ကစားရမှာလည်း ရီးယဲလ်ကွင်းမှာဆိုတော့ ပိုဆိုးတယ်။ ရီးယဲလ်ဘယ်နှဂိုးနဲ့နိုင်မလဲပဲ စောင့်ကြည့်ရမှာပါ။

ဘက်တစ် - ဘာစီလိုနာ (တနင်္လာနံနက် ၀၀း၀၀ နာရီ)

ဘာစီလိုနာကတော့ နှစ်သစ်မှာလည်း ပြန်လာနိုင်ဖို့ အချိန်ပေးရဦးမလိုဖြစ်နေတယ်။ ဒီရာသီ ဘာစီလိုနာရဲ့ခံစစ်ပိုင်း က အတော်လေးအားနည်းသွားပြီ။ ဒါက စတီဂန် ဂိုးပေါက်မှာ မရှိတဲ့အချိန် ပိုသိသာလာတယ်။ ကွင်းလယ်မှာလည်း ဒဏ် ရာပြဿနာတွေကြောင့် လူမစုံ၊ တိုက်စစ်ကလည်း ဂိုးသွင်းအား လျော့နေတဲ့အချိန်မှာ ဘက်တစ်လိုအိမ်ကွင်းကစားပုံမာကျော တဲ့အသင်းကို သွားရင်ဆိုင်ရမှာက ဘာစီလိုနာအတွက် စိန်ခေါ် မှုတွေများနေတာအမှန်ပဲ။ ဘက်တစ်ကအိမ်ကွင်းရှုံးပွဲလုံးဝမရှိသေးတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းခံစစ်ကစားပုံ ပိုမာကျောတာ ကလည်း ဘာစီလိုနာရဲ့ ဂိုးသွင်းအားလျော့နေတဲ့တိုက်စစ်အ တွက် ဂိုးရရေး ခက်ခက်ခဲခဲကစားယူရမယ့်ပုံပါပဲ။ အစဉ်အလာ အရ ဘက်တစ်ကိုအသာရတာများလေ့ရှိပေမယ့် ဒီတစ်ကြိမ် တော့အသာရဖို့ခက်မယ်ထင်တယ်။ ဘက်တစ်နဲ့ဂိုးအနည်းပါပဲ။ 

ဂျီရိုနာ - ဆီဗီလာ (တနင်္လာနံနက် ၂း၃၀ နာရီ)

ဆီဗီလာကလည်း ပြန်မလာနိုင်သေးဘူး။ တဖြည်းဖြည်း တန်းဆင်းဇုန်နဲ့ ကပ်နေပြီ။ ဂျီရိုနာကိုလည်းနောက်ဆုံးတွေ့ထား တဲ့ (၄)ကြိမ်စလုံး ဆီဗီလာတို့အရှုံးပေးထားရတယ်။ ဒီတစ်ကြိမ် လည်း ဂျီရိုနာနဲ့ ဂိုးအများပဲကောင်းမယ်ထင်တယ်။

Most Read

Most Recent