PSG အသင်း၏ ဥက္ကဋ္ဌဖြစ်သူ အယ်လ်ခီလိုင်ဖီက ပြင်သစ်တိုက်စစ်မှူး ဘာပေကို ပါရီတွင် ဆက်ရှိစေလိုသည်ဟု ပြောကြားခဲ့သည်။
ဘာပေသည် လာမည့်နွေရာသီတွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု ထင်ကြေးပေးနေကြသည်။
သို့သော် အယ်လ်ခီလိုင်ဖီက "ကျွန်တော် ဘာကိုမှ ဖုံးကွယ်မထားပါဘူး။ ဘာပေကို အသင်းမှာ ဆက်ရှိစေချင်တာ အသေအချာပါပဲ။ သူက ကျွန်တော့်အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သလို၊ သူ့အတွက်လည်း ကျွန်တော်တို့အသင်းက ပါရီမှာ အကောင်းဆုံးပါပဲ"ဟု ပြောကြားခဲ့သည်။
ဘာပေသည် ဇန်နဝါရီလဝက်မကျိုးမီ အနာဂတ်အတွက် ဆုံးဖြတ်ချက်ပေးရမည်ဟု သိရသည်။
စပိန်မီဒီယာအချို့က ဘာပေအနေဖြင့် လာမည့် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှု ရခဲ့ပြီဟု ဖော်ပြနေကြသည်။















