ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် (CBF) သည် ဆော်ပေါ်လိုအသင်း နည်းပြဟောင်း ဒေါ်ရီဗယ်လ်ဂျူနီယာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရခဲ့သည်။
ဘရာဇီးလ်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ရလဒ်များ ဆိုးရွားနေသဖြင့် ယာယီနည်းပြ ဖာနန်ဒိုဒီနစ်ဇ်နှင့် လမ်းခွဲပြီး ရက်ပိုင်းအကြာမှာပင် ဒေါ်ရီဗယ်လ်ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
CBF က ၎င်း၏ စာချုပ်သက်တမ်းကို ကြေညာခြင်းမရှိသော်လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ချုပ်ဆိုထားကြောင်း ဘရာဇီးလ်မီဒီယာများက ဖော်ပြခဲ့သည်။
အသက် ၆၁ နှစ်ရှိပြီဖြစ်သူ ဒေါ်ရီဗယ်လ်သည် ဘရာဇီးလ်ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး လက်ရွေးစင်အ သင်းနည်းပြဘဝ ပထမဆုံးနိုင်ငံတကာပွဲစဉ်များအဖြစ် မတ်လအတွင်း အင်္ဂလန်၊ စပိန်အသင်းတို့နှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
ဘရာဇီးလ်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား တောင်အမေရိကဇုန်ခြေစစ်ပွဲတွင် အဆင့် ၆ နေရာအထိရောက်ရှိနေကြောင်း သိရသည်။















