ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားသည့် ယာဉ်သည် ၎င်းတစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ယာဉ်တစ်စီးဖြင့် တိုက်မိပြီး လေးဦးသေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားသည့် ယာဉ်သည် ၎င်းတစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ယာဉ်တစ်စီးဖြင့် တိုက်မိပြီး လေးဦးသေဆုံး
Published 12 January 2024

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားသည့် ယာဉ်သည် ၎င်းတစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ယာဉ်တစ်စီးဖြင့် တိုက်မိပြီး လေးဦးသေဆုံးမှု ဇန်နဝါရီ ၁၁ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းပါ အမျိုးသား နှစ်ဦး၊ အမျိုးသမီး လေးဦး၊ စုစုပေါင်း ခြောက်ဦး လိုက်ပါလာသည့် TOYOTA MARK II အမျိုးစား(ခဲရောင်)ယာဉ်သည် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၃၇ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံအနီးသို့ အရောက်တွင် အရှိန်းမထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော မန္တလေး-နေပြည်တော် ဘက်ခြမ်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါတစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိခဲ့သည့် ခဲရောင်ယာဉ်အား မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်းအမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး၊ မိန်းကလေးတစ်ဦး၊ စုစုပေါင်း သုံးဦး လိုက်ပါမောင်းနှင်လာသည့် TOYOTA ALLION အမျိုးစား(အဖြူရောင်)ယာဉ်က ခါးလယ်မှ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိခဲ့သည့် TOYOTA MARK II အမျိုးစား (ခဲရောင်) ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး၊ အမျိုးသမီး လေးဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး သုံးဦး သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သိရသည်။

ယင်းအပြင် ALLION ယာဉ်ပေါ်ပါသူများအနက် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း၊ သေဆုံးသူ လေးဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား အမြန်လမ်းရဲတပ်ဖွဲ့ အမြန်လမ်းမီးသတ်တပ်ဖွဲ့အကူအညီဖြင့် တံတားဦးပြည့်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent