စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 11 January 2024

ဘာစီလိုနာ နှင့် အိုဆာဆူနာ (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ဘာစီလိုနာအသင်းက အိုဆာဆူနာနဲ့တွေ့ဆုံမှု (၇)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ (၆)ပွဲအထိ အနိုင်ကစားထားတယ်။ ဒါပေမဲ့ ဘာစီလိုနာအနေနဲ့ နောက်ဆုံး(၃)ပွဲဆက်တိုက် One Goal Margin နဲ့ပဲ အနိုင်ရခဲ့သလို အသည်းအသန် ကစားခဲ့ရတယ်။ ဒီနှစ်သင်း နောက်ပိုင်းတွေ့ဆုံမှုတွေမှာ ပွဲတိုင်း အနီကတ်အသုံးပြုရတဲ့အထိ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာကိုလည်း တွေ့ရတယ်။ ဘာစီလိုနာအသင်းရဲ့လက်ရှိ Rhythm က မမှန်ဘဲ ထိပ်သီးအသင်းတစ်သင်းအနေနဲ့ ကျဆင်းနေတယ်လို့တောင် ပြောရမယ်။ အသင်းမှာ အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးကလည်း အံ့အားသင့်စရာ ဂိုးသွင်းနှုန်းကျဆင်းနေတယ်။ အိုဆာဆူနာကလည်း ပြီးခဲ့တဲ့ ရာသီကလောက် မာကျောမှု မရှိတော့ဘူး။ ဘာစီလိုနာဘက်ကပဲ ရပ်တည်သင့်တယ်။

Most Read

Most Recent