FA ဖလားတတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

FA ဖလားတတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 7 January 2024

လူတန် - ဘော်လ်တန် (တနင်္ဂနွေည ၈း၃၀ နာရီ)

လူတန်က တစ်ချိန်က ဘယ်ဆီနေမှန်း မသိချိန်မှာ ဘော်လ် တန်အသင်းက ပရီးမီးယားလိဂ်ရဲ့ နှစ်ချို့အသင်းကြီးပါ။ လက်ရှိ အချိန်မှာတော့ အခြေအနေက ကွာခြားကုန်ပြီ။ လူတန်အသင်း ရဲ့ လက်ရှိ ခြေစွမ်းနဲ့ ရလဒ်ပိုင်းကလည်းတော်တော်ကောင်းနေ ပါတယ်။ လူတန်ပဲ နိုင်မယ်။ 

ဝက်စ်ဟမ်း - ဘရစ္စတိုးလ်စီးတီး (တနင်္ဂနွေည ၈း၃၀ နာရီ)

ဘရိုက်တန်နဲ့ သရေကစားခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းရဲ့ ကစား ပုံက တော်တော်လေး အားနည်းခဲ့တယ်။ ဘရိုက်တန်က တစ်ပွဲ လုံးကို စိတ်ကြိုက်ဖိကစားခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေ အကြိမ် ကြိမ်ရခဲ့တယ်။ ဝက်စ်ဟမ်းက ခံစစ်ကောင်းလို့၊ ဂိုးသမားကောင်း လို့ ဂိုးမပေးရတာမျိုးမဟုတ်ပဲ ကံကောင်းလို့ ဂိုးမပေးရပဲ သရေ ကစားခဲ့တာလို့တောင် ပြောလို့ရတယ်။ ဘရစ္စတိုးလ်စီးတီးက အရမ်းလျှော့တွက်လို့မရတဲ့အသင်းမျိုးလို့ ပြောရမှာဖြစ်ပြီး ဝက်စ်ဟမ်း ခက်ခက်ခဲခဲ အနိုင်ယူရလိမ့်မယ်။ 

နော်တင်ဟမ် - ဘလက်ပူးလ် (တနင်္ဂနွေည ၈း၃၀ နာရီ)

ပရီးမီးယားလိဂ် အသင်းဟောင်းတစ်သင်းပဲ ဖြစ်တဲ့ ဘ လက်ပူးလ်ကတော့ လိဂ်ချန်ပီယံရှစ်မှာတောင် မရှိတော့တဲ့ အထိ တော်တော်လေး အခြေအနေဆိုးသွားတယ်။ နော်တင် ဟမ်အသင်းက အားကောင်းတဲ့ ကစားသမား စုဖွဲ့မှုရော၊ ကစား ပုံရော ရှိနေတဲ့အသင်းမျိုးပါ။ နယူးကာဆယ်နဲ့ မန်ယူနိုက်တက် တို့လို အသင်းတွေကို ဆက်တိုက်  အနိုင်ကစားထားပြီး စိတ် ဓာတ်တက်<ကနေတဲ့အသင်းအနေနဲ့ နော်တင်ဟမ်ဒီပွဲမှာလည်း လွယ်လွယ်ကူကူပါပဲ။ 

မန်စီးတီး - ဟတ်ဒါဖီးလ် (တနင်္ဂနွေည ၈း၃၀ နာရီ)

ဟတ်ဒါဖီးလ်အသင်းက လိဂ်ချန်ပီယံရှစ်မှာတောင် ရလဒ် ပိုင်းမတည်ငြိမ်တဲ့အသင်းပါ။ မန်စီးတီးအသင်းကတော့ ပရီးမီး ယားလိဂ်မှာ ရလဒ်တွေကျဆင်းနေရာက ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သွားကစားခဲ့ပြီး အပြန်မှာလည်း နိုင်ပွဲတွေဆက်နေတာ တွေ့ရတယ်။ အသင်းလိုက် ခြေစွမ်းက အကောင်းဆုံးပုံစံမှာ မရှိပေမယ့် အခြားအသင်းတွေထက် ပိုကောင်းပြီး ပိုတည်ငြိမ် လာတာကိုလည်း တွေ့ရတယ်။ ဒီပွဲပြီးရင် အဘူဒါဘီသွားတော့ မယ့် မန်စီးတီး ဂိုးပြတ်အနိုင်ကစားသွားလိမ့်မယ်။ 

အာဆင်နယ် - လီဗာပူးလ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

အီမရိတ်စ်မှာ ကစားမယ့် ဒီပွဲမှာ စိတ်ပိုင်းဆိုင်ရာက မတူဘူး။ လီဗာပူးလ်က ယုံကြည်မှု ပြည့်ဝနေတယ်။ အာဆင်နယ် အသင်းက ယုံကြည်မှု ကျဆင်းနေတယ်။ ဒါပေမဲ့ အာဆင်နယ်က နိုင်ပွဲကို ပြန်ရှာဖွေဖို့ ပိုပြီးအလေးအနက်ထားနိုင်တာကို လည်း သတိပြုရမယ်။ အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ လိဂ်ပွဲ ၂ ပွဲမှာ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်တို့ကို ဆက်တိုက်ရှုံးခဲ့ပြီး လီဗာ ပူးလ်ကတော့ အာဆင်နယ်နဲ့ မကြာသေးခင်က ကစားခဲ့တဲ့ လိဂ်ပွဲမှာ သရေကျခဲ့ပြီးနောက်ပိုင်း နိုင်ပွဲဆက်နေတာ တွေ့ရတယ်။ အာဆင်နယ်က ဖူလ်ဟမ်ကို ရှုံးခဲ့တဲ့ ပွဲတုန်းက အရန်ခုံထိုင်ခဲ့တဲ့ ဂျေးဇူးကို ပွဲထွက်လူစာရင်းမှာ ပြန်သုံးနိုင်ပြီး အခြားကစား သမားတွေလည်း အစုံအလင်ပါလာနိုင်တယ်။ လီဗာပူးလ်အသင်းကတော့ ကစားသမား အစုံသုံးမယ်လို့ မထင်ဘူး။ ဒီပွဲက အာ ဆင်နယ်ရဲ့ အိမ်ကွင်းလည်းဖြစ်နေလို့ အာဆင်နယ်ကို ပိုကြိုက်တယ်။ 

အခြားပွဲစဉ်များ

ရှရူးဘူရီ - ဝရက်စ်ဟမ်း

ပီတာဘရော့ - လိဒ်စ်

Most Read

Most Recent