ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကိုပါအီတာလီယာပြိုင်ပွဲ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်မှာ အေစီမီလန်က ကာဂလီယာရီကို အိမ်ကွင်းမှာ (၄-၁)ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်၊ ခြေပြတ် အနိုင်ရခဲ့တယ်။ အဲဒီပွဲမှာ အေစီမီလန်ရဲ့ စီနီယာကစားသမား တွေနဲ့အတူ ပွဲထွက်ခွင့်ရခဲ့သူကတော့ အသက် (၁၉)နှစ် အရွယ်သာရှိသေးတဲ့ ချာကာထရာအိုရေးပါပဲ။ သူက အဲဒီပွဲမှာ ပြိုင်ဘက်တွေကို လှည့်စားပြီး (၁၈)ကိုက်စည်းအတွင်းကနေ အသင်းအတွက် တတိယဂိုးကို သွင်းယူခဲ့တယ်။ ဒီဂိုးဟာ ထရာအိုရေးအတွက် ပရိုကစားသမားဘဝ ပထမဆုံးသွင်းဂိုးလည်း ဖြစ်ခဲ့တယ်။ ပွဲအပြီးမှာ ထရာအိုရေးက "ဒီဂိုးအတွက် ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ဘဝရဲ့ ပထမဆုံးသွင်းဂိုးဖြစ်လို့ပါ။ လူငယ်အသင်းမှာ ဂိုးတွေသွင်းဖူးပေမဲ့ ခံစားချက်ချင်းမတူပါဘူး။ ကျွန်တော့်အနေနဲ့ အသင်းကိုကူညီနိုင်ဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။
အနီရောင်မီလန်နယ်မြေက အာဖရိကစိန်ရိုင်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။