ရှယ်လ်ဗီ၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ FIFA ၏ အရေးယူမှုမခံရစေရန် နော်တင်ဟမ်အသင်း မျှော်လင့်

ရှယ်လ်ဗီ၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ FIFA ၏ အရေးယူမှုမခံရစေရန် နော်တင်ဟမ်အသင်း မျှော်လင့်
Photo: Daily Mail
Photo: Daily Mail
Published 6 January 2024

 

နော်တင်ဟမ်အသင်းအနေဖြင့် ကွင်းလယ်လူဟောင်း ရှယ်လ်ဗီ၏အပြောင်းအရွှေ့နှင့်ပတ်သက်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ အရေးယူမှုမခံရစေရန် မျှော်လင့်လျက်ရှိကြောင်း ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။

နော်တင်ဟမ်အသင်းသည် အင်္ဂလန်လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား ရှယ်လ်ဗီ (၃၁ နှစ်) ကို တူရကီစူပါလိဂ်ကလပ် ကေကာရီဇီစပေါ်အသင်းထံ တစ်ရာသီအငှား ဖြင့် စေလွှတ်ရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

သို့သော် FIFA ၏ စည်းမျဉ်းအရ အငှားချထားသည့် ကစားသမားအရေအတွက် ကျော်လွန်နေသဖြင့် ရှယ်လ်ဗီအား စာချုပ် ဖျက်သိမ်းကာ အလွတ်ပြောင်းရွှေ့ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ FIFA စည်းမျဉ်းအရ ကလပ်အသင်းများအနေဖြင့် နိုင်ငံတကာသို့ ကစား သမားခုနစ်ဦးသာ အငှားစေလွှတ်ခွင့်ရှိရာ နော်တင်ဟမ်အသင်းမှာ စည်းမျဉ်းချိုးဖောက်မှုဖြင့် အရေးယူခံရဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ရှယ်လ်ဗီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် နယူးကာဆယ်အသင်းမှ နော်တင်ဟမ် အသင်းသို့ နှစ်နှစ်ခွဲစာချုပ်ဖြင့် ရောက်ရှိလာသူဖြစ်ပြီး ရာသီဝက်အကြာမှာပင် ရီဇီစပေါ် အသင်းသို့ ထပ်မံပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ Sky Sports သတင်းဌာနက FIFA ထံ ဆက်သွယ်မေးမြန်းရာ အကြောင်းပြန်မှုမရှိသေးကြောင်း သိရသည်။ 

ထို့ပြင် နော်တင်ဟမ်အသင်းသည် ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ရမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေကြောင်းလည်းသိရသည်။

Most Read

Most Recent