မက်ဂွိုင်းရားသည် မိမိအတွက် စံနမူနာယူစရာဘောလုံးသမားဖြစ်ကြောင်း အီတလီဝါရင့်နောက်ခံကစားသမား ဘိုနူချီ ဖွင့်ဟ

မက်ဂွိုင်းရားသည် မိမိအတွက် စံနမူနာယူစရာဘောလုံးသမားဖြစ်ကြောင်း အီတလီဝါရင့်နောက်ခံကစားသမား ဘိုနူချီ ဖွင့်ဟ
Photo: Centredevils
Photo: Centredevils
Published 4 January 2024

အူန်ယွန်းဘာလင်အသင်းမှ အီတလီဝါရင့်နောက်ခံကစားသမား ဘိုနူချီက မန်ယူနောက်ခံကစားသမား မက်ဂွိုင်းရားသည် မိမိအတွက် စံနမူနာယူစရာ ဘောလုံးသမားဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၃၀) အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား မက်ဂွိုင်းရားသည် ၂၀၁၉ ခုနှစ်တွင် နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင်သန်း (၈၀)ဖြင့် လက်စတာအသင်းမှ မန်ယူအသင်းထံသို့ ပြောင်းရွှေ့ခဲ့သည်။

မက်ဂွိုင်းရားသည် မန်ယူအသင်းတွင် ခြေစွမ်းမပြနိုင်သဖြင့် ပြင်းထန်သည့်ဝေဖန်လှောင်ပြောင်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။

သို့သော် မက်ဂွိုင်းရားသည် ယခုရာသီတွင် ခြေစွမ်း ပြနေပြီး မန်ယူအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရနေသလို အင်္ဂလန်အသင်းတွင်လည်း ပုံမှန်ပွဲထွက်ခွင့်ရနေသည်။

ဘိုနူချီက ''မက်ဂွိုင်းရားက ကျွန်တော့်အတွက် စံနမူနာယူစရာကစားသမားပါ။ သူဟာ ဝေဖန်တိုက်ခိုက်မှုတွေများစွာ ရင်ဆိုင်ခဲ့ရပေမဲ့ မန်ယူအသင်းမှာကစားနေဆဲဖြစ်သလို၊ အင်္ဂလန်အသင်းမှာလည်း ပုံမှန်နေရာရနေဆဲပါပဲ။ သူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုက လက်ဖျားခါစရာကောင်းပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent