ဂရင်းဝုဒ်၏ အနီကတ်အတွက် ကွင်းလယ်ဒိုင် ရှင်းလင်း

ဂရင်းဝုဒ်၏ အနီကတ်အတွက် ကွင်းလယ်ဒိုင် ရှင်းလင်း
Photo: SPORTbible
Photo: SPORTbible
Published 4 January 2024

ဂီတာဖေး (၀-၂) ဗယ်လက်ကာနိုပွဲတွင် ဂီတာဖေးတိုက်စစ်မှူး ဂရင်းဝုဒ်အား တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ခြင်းမှာ မိမိအား ရန်လိုဆဲဆိုခြင်းကြောင့်ဖြစ်သည်ဟု ကွင်းလယ်ဒိုင် ဗက်ဇ်ကေးက အစီရင်စာခံတွင် ရေးသားခဲ့သည်။

ဇန်နဝါရီ(၂)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဂီတာဖေး (၀-၂)ဗယ်လက်ကာနိုပွဲတွင် ဂီတာဖေးအသင်း တစ်ယောက်လျော့ဖြင့် ကစားနေရချိန် ပွဲချိန် (၅၀)မိနစ်တွင် ဂရင်းဝုဒ် တိုက်ရိုက်အနီကတ်အပြခံခဲ့ရခြင်းဖြစ်သည်။

ဂရင်းဝုဒ်သည် ၎င်းအား ဗယ်လက်ကာနိုကစားသမားများ ကြမ်းတမ်းစွာကစားသည်ကို ပြစ်ဒဏ်ဘောပေးရန် ကွင်းလယ်ဒိုင်ကို ဒေါသတကြီး တောင်းဆိုရာမှ အနီကတ်အပြခံခဲ့ရခြင်းဖြစ်သည်။

ဂရင်းဝုဒ်ကို အနီကတ်ပြခဲ့ခြင်းနှင့်ပတ်သက်ပြီး ပွဲပြီးအစီရင်ခံစာတွင် ကွင်းလယ်ဒိုင် ဗက်ဇ်ကေးက ''ဂရင်းဝုဒ်သည် မိမိကို ဆန္ဒပြသည့်အနေဖြင့် လက်မြှောက်ခဲ့ကြောင်း၊ ယင်းနောက် F*** you ဟု ဆဲဆိုခဲ့သလို၊ မိမိ၏ဆုံးဖြတ်ချက်ကိုပါ လက်မခံသည့် အမူအရာလုပ်ပြခဲ့ကြောင်း'' ဖော်ပြပါရှိသည်။ 

Most Read

Most Recent