ခက်ခဲတဲ့ အခိုက်အတန့်တွေကို ကြုံတွေ့ရဦးမယ့် ပရီးမီးယားလိဂ်ကလပ်များ

ခက်ခဲတဲ့ အခိုက်အတန့်တွေကို ကြုံတွေ့ရဦးမယ့် ပရီးမီးယားလိဂ်ကလပ်များ
Photos: Getty Images
Photos: Getty Images
Published 3 January 2024
Lin Oo Eain

အခုဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲက ရာသီဝက်ကာလကို ကျော်လွန်ခဲ့ပြီး ဇာတ်ရှိန်မြင့်လာပြီလို့ ဆိုရမယ်။ အသင်းတိုင်းက မိမိတို့ ရည်မှန်းချက်၊ မျှော်လင့်ချက်တွေအတွက် တိုက်ပွဲဝင်နေကြပြီး အရေးကြီးတဲ့ ကာလအပိုင်းအခြားကို ရောက်လာပြီလို့လည်း ပြောလို့ရပါတယ်။ ပရီးမီးယားလိဂ်ဆိုတာ ပြည်ပနိုင်ငံခြားသားကစားသမားအများဆုံးယှဉ်ပြိုင်တဲ့ လိဂ်ပြိုင်ပွဲ၊ ကမ္ဘာ့အကျော်ကြားဆုံး လိဂ်ပြိုင်ပွဲဖြစ်တာကြောင့်လည်း ဘောလုံးကမ္ဘာရဲ့ အကောင်းဆုံးလိဂ်ပြိုင်ပွဲတစ်ခုအဖြစ် သတ်မှတ်ခံထားရတာပါ။ ဒါပေမဲ့ မကြာခင်မှာ ပရီးမီးယားလိဂ်အသင်းတွေအတွက် အခက်အခဲတွေကို ရင်ဆိုင်ရမယ့် ကာလအပိုင်းအခြားကို ရောက်ရှိလာတော့မယ်လို့ ဗြိတိန်မီဒီယာတွေက သုံးသပ်ထားကြပါတယ်။ အကြောင်းကတော့ လာမယ့်ရက်သတ္တပတ်မှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲနဲ့ အာရှဖလားပြိုင်ပွဲတွေကို ယှဉ်ပြိုင်ကစားသွားကြဖို့ရှိပြီး ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့လည်း မိမိတို့ရဲ့ကစားသမားတွေကို သက်ဆိုင်ရာနိုင်ငံအသင်းတွေဆီ စေလွှတ်ရတော့မှာပါ။ 

 

Most Read

Most Recent