ဖာဂူဆန်သာ အင်္ဂလန်အသင်းကို နည်းပြခဲ့ရင်

ဖာဂူဆန်သာ အင်္ဂလန်အသင်းကို နည်းပြခဲ့ရင်
Photos: Getty Images
Photos: Getty Images
Published 3 January 2024
AK

၂၀၀၁ ခုနှစ်မှာ မန်ယူကိုစွန့်ခွာပြီး အင်္ဂလန် အသင်းကို ဖာဂူဆန် ဦးဆောင်ခဲ့မယ်ဆိုရင် ၂၀၀၆ ကမ္ဘာ့ဖလားပိုင်ရှင်ဟာ အင်္ဂလန်ဖြစ်ခဲ့မယ်လို့ Guardian သတင်းစာရဲ့ ပင်တိုင်ဆောင်းပါးရှင် ဘာနေးရိုနေ တွေးနေပါတယ်။ ဒီအတွေးဟာ ခပ်ကြောင်ကြောင်နိုင်မယ့် နောက်ကြောင်းပြန် စိတ်ကူးယဉ်တာမျိုးလို့ သတ်မှတ်နိုင်ပေမယ့် Time Traveller ဆန်ဆန် ဘာနေးရိုနေ စဉ်းစားပြသွားတာဟာ လှပါတယ်။ ရသဝတ္ထုတိုတစ်ပုဒ် ဖတ်ရသလိုပါပဲ။ အိုဝင်၊ ဘက်ခမ်၊ ပေါလ်စခိုးလ်၊ ဒီဖိုး၊ ဂျရတ်၊ ဂျိုးကိုးလ်၊ ရွန်နီစတဲ့ ကစားသမားတွေ အပါအဝင် ရွှေရောင်မျိုးဆက်တစ်ခုကို အင်္ဂလန်ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီရွှေရောင်မျိုးဆက်ဟာ ၂၀၀၈ ခုနှစ်အရောက်မှာ ကြေကွဲစရာပြိုကွဲသွားခဲ့ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ မျိုးချစ်ဝါဒီအစွဲအလမ်းမှာ အင်္ဂလန်အသင်း အ ရောင်မမှိန်သင့်ဘဲ မှိန်ခဲ့ရတယ်ဆိုရင် မမှားပါဘူး။

 

Most Read

Most Recent