ဆဲလ်ဖုန်းနှင့်ဦးနှောက်ကင်ဆာ

ဆဲလ်ဖုန်းနှင့်ဦးနှောက်ကင်ဆာ
Published 1 January 2024
■ ဒေါက်တာလွင်သန့်

ကမ္ဘာကျန်းမာရေးအဖွဲ့(WHO) က ဆဲလ်ဖုန်း(Cellphone) များကို ဦးနှောက်ကင်ဆာရောဂါ ဖြစ်ပွါးနိုင်တဲ့ကင်ဆာ(Carcinogen)တစ်မျိုးအဖြစ်သတ်မှတ်ထားရာနည်းလမ်း(၈)သွယ်နဲ့ကိုယ့်ရဲ့ဆဲလ်ဖုန်းဆုံးစွဲမှုပိုမိုဘေးကင်းစေသင့်တယ်။ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)ကဆဲလ်ဖုန်းကိုအသုံးပြုခြင်းဟာဦးနှောက်ကင်ဆာဖြစ်ပွါးစေတယ်လို့ဖော်ပြထားလို့ ကိုယ်ကဖုန်းခေါ်ဖို့နှစ်ခါစဉ်းစားသင့်ပါတယ်။

လူများအတွက်မရှိမဖြစ်အသုံးပြုနေရတဲ့ပစ္စည်းတစ်ခုကိုဦးနှောက်ကင်ဆာနဲ့ဆက်နွယ်နေတယ်လို့သိရှိရခြင်းမှာစိုးရိမ်ထိတ်လန့်ဖွယ်ရာပဲဖြစ်တယ်။ဆဲလ်ဖုန်းများအသုံးပြုရမှုကိုစွဲလန်းနေသူများဟာကျန်းမာရေးဆိုးကျိုးကိုလျော့ချနိုင်ဖို့လုပ်ဆောင်နိုင်တဲ့အရာများစွာရှိပါတယ်။

ကင်ဆာရောဂါနဲ့ဆက်နွယ်နိုင်တဲ့အကြောင်းရင်းများအားလုံးဟာဆဲလ်ဖုန်းများကထုတ်လွှတ်တဲ့လျှပ်စစ်သံလိုက်လှိုင်း(Electric Magnetic Radiation)တွေကြောင့်သာ ဖြစ်တယ်။ ကိုယ်ကအဆိုပါလှိုင်းတွေနဲ့ထိတွေ့မှုကိုလျော့ချလိုက်ရင်၊ကင်ဆာရောဂါနဲ့ဆက်နွယ်မှုကိုလည်းလျော့ချနိုင်မှာပဲဖြစ်တယ်။

       (၁)နားကြပ်အသုံးပြုကာစကားပြောသင့်ပါတယ်။နားကြပ်များဟာဆဲလ်ဖုန်းတွေထက်လျှပ်စစ်သံလိုက်လှိုင်းထုတ်လွှတ်မှုပိုမိုနည်းပါတယ်။ဒါပြင်နားကြပ်အသုံပြုခြင်းကဖုန်းဟာဦးခေါင်းနဲ့ကပ်မနေတော့ဘူး။လှိုင်းလွှတ်တဲ့ရင်းမြစ်နေရာမှဝေးလေလေ၊ထိခိုက်မှုနည်းပါးလေလေဖြစ်တယ်။

  (၂)ဖြစ်နိုင်ရင်၊စာတိုပို့စနစ်နဲ့ပြောဆိုသင့်ပါတယ်။ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများအဖွဲ့(EWG_Environtal workingGroup)ရဲ့ပြောကြားချက်အရဆဲလ်ဖုန်းဟာစကားပြောစဉ်ထက်၊စာတိုရိုက်ပို့နေ့ချိန်မှာစွမ်းအင်ကိုပိုမိုနည်းပါးစွာအသုံးပြုတယ်။သည်လိုနည်းနဲ့လျှပ်စစ်သံလိုက်လှိုင်းများကိုလည်းပိုမိုနည်းပါးစွာထုတ်လွှတ်တယ်။စာတိုပို့ပါကဖုန်းကိုဦးနှောက်နားဆီကပ်စရာလည်းမလိုတော့လို့လှိုင်းထုတ်လွှတ်ရာရင်းမြစ်နဲ့လည်းဝေးစေပါတယ်။

       (၃)ဆဲလ်ဖုန်းကိုတိုတိုသာပြောရတဲ့စကားတွေအတွက်သုံးသင့်ပါတယ်။ဆဲလ်ဖုန်းကိုကိုယ့်ရဲ့ညီ၊ညီမနဲ့အပြန်အလှန်အချိန်ကြာမြင့်စွာစကားစမြည်ပြောဆိုမှုများအတွက်မသုံးသင့်ပါဘူး။ဆဲလ်ဖုန်းနဲ့ပြောဆိုသူများအတွက်မသုံးသင့်ပါဘူး။ဆဲလ်ဖုန်းနဲ့အသုံးပြုချိန်ပြောဆိုတဲ့အချိန်ကိုတိုနိုင်သမျှတိုအောင်ပြောသင့်တယ်။စကားစမြည်ပြောဆိုမယ့်အခါရောက်ရင်ကြိုးဖုန်းကိုအသုံးပြုသင့်ပါတယ်။

       (၄)ဆဲလ်ဖုန်းများရဲ့အချက်ပြ(signal )တုံးလေးများကိုစောင့်ကြည့်သင့်ပါတယ်။လိုင်းမကောင်းလို့ကြိုးစားပြောဆိုနေရရင်ဖုန်းခေါ်ဆိုမှုကိုရပ်တန့်ပြီး၊လိုင်းပြန်ကောင်းတဲ့အခါမှထပ်မံခေါ်ဆိုသင့်ပါတယ်။ကိုယ့်ရဲ့ဆဲလ်ဖုန်းမှာအချက်ပြတုံး(Signal)များလျော့နည်းနေတဲ့အခါဖုန်းကပိုမိုအလုပ်လုပ်ရလိုလျှပ်စစ်သံလိုက်လှိုင်းများပိုမိုထုတ်လွှတ်ပါတယ်။

  (၅)တတ်နိုင်သမျှဖုန်းကိုနားနဲ့ကပ်မထားသင့်ပါဘူး။ကျန်းမာရေးဝက်ဆိုက်(Health com.)ဝက်ဆိုက်ရဲ့အကြံပေးချက်အရဖုန်းကိုနံပါတ်နှိပ်ခေါ်ဆိုနေချိန်မှာနားနဲ့ဝေးဝေးမှာထားရှိသင့်ပါတယ်။သည်လိုလျှပ်စစ်သံလိုက်လှိုင်းတွေနဲ့ထိတွေ့မှုကိုလျော့နည်းစေနိုင်ရမယ်။ကိုယ်စကားပြောတဲ့အချိနိမှာဖုန်းကိုနားနဲ့ခွာထားပြီး၊နားထောင်တဲ့အခါမှနားနဲ့ကပ်ထားသင့်ပါတယ်။ဘာလိုလဲဆိုတော့၊လျှပ်စစ်သံလိုက်လှိုင်းထုက်လွှတ်မှုဟာဆဲလ်ဖုန်းကအချက်ပြခြင်း(signal)များကိုလက်ခံနေချိန်မှာအချက်ပြခြင်း(signal)များကိုထုတ်လွှတ်နေချိန်ထက်ပိုမိုလျော့နည်းတာကြောင့်ဖြစ်တယ်။ဆဲလ်ဖုန်းဟာကိုယ်စကားအချက်ပြခြင်း(signal)များကိုလက်ခံနေခြင်းပဲဖြစ်တယ်။

      (၆)ဓာတ်လှေကားများ၊ကားများအတွင်းဖုန်းခေါ်ဆိုခြင်းမပြုသင့်ပါဘူး။ကားမောင်းရင်း၊ဓာတ်လှေကားစီးရင်းဖုန်းမပြောသင့်ပါဘူး။ကျန်းမာရေးဝက်ဆိုက်(Healthcom.)ကဖော်ပြရာမှာဆဲဖုန်းဟာအလုံပိတ်ထားတဲ့သတ္တုအကာအရံများအတွင်းဥပမာဓာတ်လှေကား၊ကားတို့ထဲမှာလိုင်းချိတ်ဆက်မှုရရှိနိုင်ဖို့စွမ်းအင်ပိုမိုအသုံးပြုရပါတယ်။ဒါကြောင့်လျှပ်စစ်သံလိုက်လှိုင်းများပိုမိုထုတ်လွှတ်ပါတယ်။

         (၇)ကိုယ့်ရဲ့ကလေးများကကြိုးဖုန်းကိုအသုံးပြုသင့်ပါတယ်။ယနေ့ခေတ်မှာမတ်တပ်သွားကာစကလေးငယ်များဟာဆဲလ်ဖုန်းကိုအသုံပြုရတတ်ပါတယ်။ကျွမ်းကျင်သူများပြောဆိုရာမှာကလေးငယ်များဟာလျှပ်စစ်သံလိုက်လှိုင်း(Electromagnetic radiation)တွေကြောင ့်ပိုမိုထိခိုက်လွယ်တယ်လို့ ဆိုတယ်။(EWG)အဖွဲ့ရဲ့အဆိုအရ ကလေးငယ်များဟာလူကြီးများထက်ဆဲလ်ဖုန်းမှထုတ်လွှတ်တဲ့လျှပ်စစ်သံလိုက်လှိုင်း(electromagnetic radiation)များကိုနှစ်ဆခန့်ပိုမိုစုပ်ယူရရှိနိုင်တယ်လို့ဆိုတယ်။နယူးယော့တိုင်း(New York Time)သတင်းစာကြီးအဆိုအရဗြိတိန်နိုင်ငံ၊ပြင်သစ်နိုင်ငံ၊ဂျာမနီနိုင်ငံနဲ့ရုရှားနိုင်ငံများရှိကျန်းမာရေးအာဏပိုင်းများဟာကလေးများဆဲလ်ဖုန်းအသုံးပြုခြင်းနဲ့ပက်သက်ပြီးသတိပေးချက်များထုတ်ပြန်ထားတယ်။

         (၈)လျှပ်စစ်သံလိုက်လှိုင်းထုတ်လွှတ်မှုနည်းပါးတဲ့ဖုန်းများဝယ်သင့်ပါတယ်။အချို့ဆဲဖုန်းများဟာ၊အခြားဆဲလ်ဖုန်းများထက်လျှပ်စစ်သံလိုက်လှိုင်း(radiations)များပိုမိုထုတ်လွှတ်တက်ပါတယ်။ကိုယ်ကဖုန်းအသစ်ဝယ်တော့မယ်ဆိုရင်အကြံပေးထားတာကဖုန်းရဲ့(SAN-specific absortion rate)အက်အေအင်ကိုကြည့်ရှု သင့်တယ်။ယင်းမှာကိုယ်ခန္ဓာကစုပ်ယူနိုင်တဲ့ဓာတ်ရောင်ခြည်(radiation) ပမာဏကိုတိုင်းတားးတဲ့နည်းလမ်းတစ်ခုဖြစ်တယ်။သူ့ကိုအချို့ဖုန်းများရဲ့အသုံးပြုမှုလမ်းညွှန်စာအုပ်များမှာရေးသားထားတာတွေ့ရပါတယ်။ဆဲလ်ဖုန်းများရဲ့အက်အေအေ(SAAS)များကိုအင်တာနက်ပေါ်မှာလည်းရှာဖွေနိုင်ပါတယ်။အက်အေအေ(SAAS)ပမာဏ(၀.၃၅-၁.၅၉)(W/Kg)အထိအမျိုးမျိုးကိုတွေ့ရှိနိုင်ပါတယ်။

           လက်ကိုင်မိုဘိုင်းဖုန်းအသုံးပြုတာကဦးနှောက်ထဲအကြိတ်ဖြစ်နိုင်ချေများတယ်လို့ကင်ဆာရောဂါနဲ့ပက်သက်ပြီးကမ္ဘာကျန်းမာရေးအဖွဲ့(WHO)အကြံပေးနေတဲ့အတိုင်ပင်ခံအဖွဲ့ကပြောပါတယ်။လက်ကိုင်ဖုန်းအမျိုးမျိုးအတွက်ဆက်သွယ်ရေးတာဝါတိုင်တွေကရပ်ကွက်၊လူနေစိတ်တဲ့မြို့လယ်နေရာတွေပါမကျန်နေရာအနှံ့ဆောက်လုပ်လာကြတယ်။‌ဆေးရုံအနီး၊ကျောငျး၊ခနျးမအနီးမရှောငျ၊ဖုနျးကုမ်မဏီများကနေရာငှားလာရင်ကျန်းမာရေးအထိမလေ့လာပဲ၊အိမ်ပိုင်ရှင်၊မြေပိုင်ရှင်တွေကမြေငှားစမြိုးးမြိုးးမျက်မျက်လေးရတာတစ်ခုထဲမြင်ကာ၊ကိုယ့်အိမ်အမိုးပေါ်(သို့)အိပ်ဝန်းထဲမှာ၊ဖုန်းတာဝါတွေကိုစိုက်ထူခဲ့ကြတယ်။

 နေ့တဓူဝထွက်ရှိနေတဲ့လျှပ်စစ်သံလိုက်စက်လွင်း(Electro_megnetic wave)ရဲ့ဆိုးကျိုးကိုကိုယ်အပါဝင် မိသားစုဝင်ရော၊ပတ်ဝန်းကျင်အနီးရှိလူတွေအားလုံးပါ၊မဆီမဆိုင်ခံစားကြရပါတယ်။ဒါကြောင့်တစ်နပ်စာဝင်ငွေရရှိရုံလေနဲ့ကိုယ့်အတွက်ရော၊ပတ်ဝန်းကျင်ရှိကလေးလူကြီးအတွက်ပါ၊ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိတဲ့မိုဘိုင်းဖုန်းတာဝါတွေအကြောင်းလေ့လာသင့်ပါတယ်။

         အဆိုပါတာဝါတွေကြောင့်ဦးနှောက်ကင်ဆာဖြစ်နိုင်တယ်လို့ကက်စလူဝါ(Kusliwals)ဆိုသူဂျော်ပါးစ်၊(Jorpurs)မြို့မှာနေထိုင်သူကပြောတယ်။သူအိမ်နီနားမှာဖုန်းတာဝါ(၃)ခုလာတောင်အကြီးမှာသူနဲ့အခြားသူတစ်ယောက်မှာဦးနှောက်ကင်ဆာခံစားလာရတာပါပဲ။ဒါပြင်သူ့ပတ်ဝန်းကျင်ကအိမ်နီချင်းမိသားစု(၅၀)မှာလည်းသာမနျနဲ့သာမနျထကျပိုတဲ့ရောဂါလက်ခဏာတွေခံစားကြရတာတွေကြရခဲ့တယ်။

        သူတို့မှာအရင်တုန်းကဘယ်မိသားစုဝင်မှကင်ဆာဖြစ်ဖူးတာ၊ဖျားနာတာပင်မရှိပါဘူး။ဒါကိုကျွမ်းကျင်သူတွေကလက်ခံသဘောတူခဲ့ပြီး မိုဘိုင်းတာဝါနဲ့အနီး၊မီတာငါးဆယ်အတွင်းနေထိုင်သူတွေဟာမိုက္ကရိုစ ဝေ့သံလိုက်လှိုင်း(Microwave)မီးဖိုနဲ့(၂၄)နာရီပတ်လုံးထိတွေ့နေရသူတွေနဲ့အလေးတူညီတယ်လို့လျှပ်စစ်အင်ဂျီနီဟာဌာနမှူးပါမောက္ခဂျီရစ်ရှိကူးမား(prof Girich kumer)ကသတိပေးခဲ့တယ်။ဓာတ်ရောင်ခြည်(Radiation wave)ရဲ့ဖြာထွက်နေပုံအန္တရာယ်ပေးပုံတွေကိုသုတေသနစာတမ်းတင်ပြခဲ့တယ်။ဦးနှောက်(၂၀၁၀)ဇန်နဝါရီမှာဝန်ကြီးဌာနအလိုက်ကော်မတီကလှိုင်း(wave)ထုတ်လွှတ်မှုကို၄၅၀(၄၅၀)ကာ(450mgm)ထိလျော့ချဖို့အကြံပြုစာညွှန်ကြားချက်ထုတ်ခဲ့ပေမယ့်၊အခုထက်တိုင်၊အကောင်ထည်မဖော်ပေးနိုင်လို့ပြောပါတယ်။ဦးနှောက်ကင်ဆာမဖြစ်အောင်တာဝါတိုင်နဲ့ဝေးဝေးကနေ၊ဖုန်းနည်းနည်းပဲပြောသင့်ပါတယ်။

Most Read

Most Recent