■ လော့အိန်ဂျယ်လိစ်အသင်းသို့ ပြောင်းရွှေ့ရန် စပါးဂိုးသမား လိုရစ် ဆွေးနွေးနေ

■ လော့အိန်ဂျယ်လိစ်အသင်းသို့ ပြောင်းရွှေ့ရန် စပါးဂိုးသမား လိုရစ် ဆွေးနွေးနေ
Photo: Sky Sports
Photo: Sky Sports
Published 29 December 2023

စပါးဝါရင့်ဂိုးသမား ဟူဂိုလိုရစ်သည် အမေရိကန် မေဂျာလိဂ်ကလပ် လော့စ်အိန် ဂျယ်လိစ်အသင်းထံသို့ ပြောင်းရွှေ့ရန် ဆွေးနွေးနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

အသက် (၃၇) နှစ်အရွယ်ရှိ ပြင်သစ်ဂိုးသမား လိုရစ်သည် ယခင်က စပါးအသင်း၏ နံပါတ် (၁) ဂိုးသမားဖြစ်ခဲ့သော်လည်း နည်းပြ ပိုစတီကိုဂလူးလက်ထက်တွင် ဗစ်ကာရီယိုနှင့် ဖရေဆာဖော်စတာတို့နောက် တတိယဂိုးသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ 

လိုရစ်သည် ယခုရာသီတွင် စပါးအသင်းအတွက် တစ်ပွဲမျှ မကစားရသေးဘဲ ၎င်း၏လက်ရှိစာချုပ်မှာ ၂၀၂၄ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ 

ထို့ကြောင့် လိုရစ်သည် လာမည့်ဇန်နဝါရီတွင် လော့စ်အိန်ဂျယ်လိစ်အသင်းသို့ ဆွေးနွေးနေပြီး နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိရသည်။ 

လိုရစ်သည် စပါးအသင်းအတွက် ၂၀၁၂ တွင် စကစားခဲ့ပြီး ပြိုင်ပွဲစုံ (၄၄၇) ပွဲအထိ ကစားထားသူဖြစ်သည်။ 

Most Read

Most Recent