မြန်မာနိုင်ငံတွင် အောက်တိုဘာ ၂၇ ရက်မှစ၍ လက်နက်ကိုင်ပဋိပက္ခအရှိန်မြင့်လာမှုကြောင့် လူဦးရေ ၆၆၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ နေရပ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၆ သန်းကျော် စံချိန်တင်ရှိလာပြီဖြစ်ကြောင်း UNOCHA ထုတ်ပြန် 

မြန်မာနိုင်ငံတွင် အောက်တိုဘာ ၂၇ ရက်မှစ၍ လက်နက်ကိုင်ပဋိပက္ခအရှိန်မြင့်လာမှုကြောင့် လူဦးရေ ၆၆၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ နေရပ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၆ သန်းကျော် စံချိန်တင်ရှိလာပြီဖြစ်ကြောင်း UNOCHA ထုတ်ပြန် 
Published 19 December 2023

မြန်မာနိုင်ငံတွင် အောက်တိုဘာ ၂၇ ရက်မှစ၍ လက်နက်ကိုင်ပဋိပက္ခအရှိန်မြင့်လာမှုကြောင့် လူဦးရေ ၆၆၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ နေရပ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၆ သန်းကျော် စံချိန်တင်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။ 

နိုင်ငံအနှံ့အပြားတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့များအကြား လက်နက်ကိုင်တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး မြို့နယ်အများအပြားတွင် အရပ်သားသေဆုံးမှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုနှင့် ဖျက်ဆီးမှုများ ဖြစ်ပေါ်နေကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အတည်မပြုနိုင်သော ကွင်းဆင်းအစီရင်ခံချက်များအရ အဆိုပါ ပြင်းထန်မှုသည် အောက်တိုဘာလနှောင်းပိုင်းမှ စတင်ကာ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ၃၇၈ ဦးထက်မနည်း သေဆုံးပြီး ၅၀၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း UNOCHA က ဆိုသည်။ 

လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်သည့်အချိန်မှစ၍ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယား၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လူပေါင်း ၆၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ခန့်မှန်းရကြောင်း UNOCHA က ထုတ်ပြန်ထားသည်။  

အချို့သော စစ်ဘေးဒုက္ခသည်များ နေရပ်သို့ ပြန်လာခဲ့ကြသော်လည်း အချို့မှာ ဘေးလွတ်ရာသို့ အကြိမ်ကြိမ် ပြောင်းရွှေ့ခဲ့ကြကြောင်းနှင့် လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွှေ့ပြောင်းနေထိုင်သူဦးရေ ၂ ဒသမ ၆ သန်း စံချိန်တင် ရှိသွားပြီဖြစ်ကြောင်း UNOCHA က ထုတ်ပြန်ထားသည်။  

ဖုန်းနှင့်အင်တာနက်ဝန်ဆောင်မှုများ ပြတ်တောက်မှုများသည် အရပ်သားဘေးကင်းရေးဆိုင်ရာ သတင်းအချက်အလတ်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ မျှဝေခြင်းအပေါ် သက်ရောက်မှုရှိနေချိန်တွင် လူများသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုတို့ကို ပြင်းထန်စွာ တားမြစ်ထားကြောင်း၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများဆီသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် စီးပွားဖြစ်ဝင်ရောက်ခွင့်မရှိခြင်းသည် စားနပ်ရိက္ခာရှားပါးလာခြင်း၊ မရှိမဖြစ်လိုအပ်သော အိမ်သုံးပစ္စည်းများ ပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် လောင်စာဆီအကျပ်အတည်းကြောင့် ထိခိုက်ခံစားရသည့်ဒေသများတွင် ဖြစ်ပေါ်နေကြောင်း  UNOCHA က ထုတ်ပြန်ထားသည်။ 

လူမှုအဖွဲ့အစည်းများအနေဖြင့် ပဋိပက္ခဒဏ်ခံရသော ဒေသများတစ်လျှောက် အရေးပေါ် လူသားချင်းစာနာမှု လိုအပ်ချက်များအဖြစ် အစားအစာ၊ ဘေးကင်းလုံခြုံသော အမိုးအကာများ၊ အစားအစာ မဟုတ်သော ပစ္စည်းများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ အခြေခံကျန်းမာရေးဝန်ဆောင်မှုများနှင့် အကာအကွယ်ပံ့ပိုးမှုများကို သတ်မှတ်ထားကြောင်း UNOCHA က ထုတ်ပြန်ထားသည်။ 

လူမှုအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရွှေ့ပြောင်းဒုက္ခသည်များနှင့် ထိခိုက်ခံစားရသော ရပ်ရွာများသို့ တတ်နိုင်သမျှ ဝင်ရောက်နိုင်၍ နေရာတိုင်းတွင် အိုးမဲ့အိမ်မဲ့နှင့် ထိခိုက်ခံစားရသော ရပ်ရွာများအတွက် အသက်ကယ်အကူအညီများ ဆက်လက်ပံ့ပိုးပေးလျက်ရှိကြောင်း UNOCHA က ထုတ်ပြန်ထားသည်။ 

ငွေကြေးမလုံလောက်မှု၊ လက်လှမ်းမီမှု ကန့်သတ်ချက်များ နှင့် ခန့်မှန်းမရသော လိုအပ်ချက်များ တိုးမြင့်လာခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရကြောင်း UNOCHA က ထုတ်ပြန်ထားသည်။

ယခုအခါတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးဒုက္ခသည်အများစု ၈၂,၀၀၀ ကို အကူအညီများ ပေးထားပြီး နေရပ်စွန့်ခွာသူ ဦးရေ ၅၀,၀၀၀ ခန့် တိုးလာသည့် အနောက်မြောက်ဒေသကဲ့သို့သော အခြားထိခိုက်သည့်ဒေသများတွင် တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း UNOCHA က ထုတ်ပြန်ထားသည်။ 

Most Read

Most Recent