ကယောက်ကယက် စက်သုံးဆီစျေးကွက်

ကယောက်ကယက် စက်သုံးဆီစျေးကွက်
■ သီလဝါတွင် စက်သုံးဆီထုတ်ယူမည့် ဆီဘောက်ဆာယာဉ်များမှ တာဝန်ရှိသူများ ညအိပ်ပြီး စောင့်ဆိုင်းထုတ်ယူနေရစဉ်
■ သီလဝါတွင် စက်သုံးဆီထုတ်ယူမည့် ဆီဘောက်ဆာယာဉ်များမှ တာဝန်ရှိသူများ ညအိပ်ပြီး စောင့်ဆိုင်းထုတ်ယူနေရစဉ်
Published 17 December 2023

 

 

 

ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ဝယ်ယူမည့် မော်တော်ယာဉ်များ တန်းစီစောင့် ဆိုင်းခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၅ ရက်မှ စတင်ပြီး ယင်းသို့ မော်တော်ယာဉ်များ ဆီဝယ်ယူရန် တန်းစီ စောင့်ဆိုင်းခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မနေ့က ညပိုင်းလောက်မှာစဖြစ်တာ။ ဒီမနက်ကတော့ ဆိုင်တော်တော်များများ ဝယ်လို့မရဘူး။ ရောင်းပေးတဲ့ဆိုင်မှာလည်း သုံးသောင်းဖိုးပဲ ရောင်းပေးတယ်” ဟု ဒီဇင်ဘာ ၅ ရက်တွင် သာကေတမြို့နယ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်၌ စက်သုံးဆီဝယ်ယူခဲ့သူ တစ်ဦးက ‌ပြောကြားသည်။

ယင်းသို့ စက်သုံးဆီဝယ်ယူရန် တန်းစီ စောင့်ဆိုင်းရသည့် ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက်၊ ၇ ရက် စသည့်ရက်များတွင် ပိုမိုများပြား လာခဲ့ပြီး ညအိပ်စောင့်ဆိုင်းရသည့် အခြေ အနေများအထိ ဖြစ်ပွားခဲ့သည်။

“ဆိုင်တွေမှာ မရှိတာက ဓာတ်ဆီပဲ။ တော်တော်များများမှာ ဝယ်လို့မရဘူး”ဟု မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြား သည်။

ဝယ်ယူရသည့်ဆီဆိုင်များတွင်လည်း မော်တော်ယာဉ်များ လိုအပ်သလောက်ဝယ် ယူမရဘဲ တစ်စီးလျှင် ကျပ်သုံးသောင်းမှ ကျပ်  ငါးသောင်းအထိသာ ဝယ်ယူနိုင်ခဲ့ကြောင်း မော်တော်ယာဉ်ပိုင်ရှင်များက ပြောကြား သည်။

ယင်းသို့ စက်သုံးဆီဝယ်ယူရန် တန်းစီ စောင့်ဆိုင်းခဲ့ရသည့်အခြေအနေမှာ သီလဝါ တွင် စက်သုံးဆီ သွားရောက်ထုတ်ယူနေသည့် ဆီဘောက်ဆာယာဉ်များ စက်သုံးဆီဆိုင်များ   သို့ အချိန်မီမရောက်ရှိခြင်းကြောင့် ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး ဆိုင်သို့မရောက်မီတွင် ဓာတ်ဆီ အမျိုးအစားများကို အရောင်းခေတ္တပိတ်ထား မည်ဖြစ်‌ကြောင်း စက်သုံးဆီဆိုင်အချို့က ‌ကြေညာခဲ့သည်။

အလားတူ သီလဝါတွင်လည်း စက်သုံး ဆီထုတ်ယူမည့် ဆီဘောက်ဆာယာဉ်များမှာ ညအိပ်ကာ စောင့်ဆိုင်းထုတ်ယူနေခဲ့ရပြီး အ ချို့သော ဆီဘောက်ဆာယာဉ်များမှာ နှစ် ရက်၊ သုံးရက်အထိ ညအိပ်စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်သည်ဟု မော်တော်ယာဉ်မောင်းများထံမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီများကို သီလဝါဆိပ်ကမ်းမှတစ်ဆင့် ဖြန့်ဖြူးပေးနေ ခြင်းဖြစ်ပြီး ယင်းဆိပ်ကမ်းတွင် စက်သုံးဆီ ထုတ်ယူနိုင်ရန် ဆီဘောက်ဆာယာဉ်မောင်း နှင်သူများက ညအိပ်စောင့်ဆိုင်းနေရသည့် ဓာတ်ပုံအချို့ ယင်းရက်ပိုင်းတွင် လူမှုကွန်ရက် စာမျက်နှာများ၌ ထွက်ပေါ်ခဲ့သည်။

စက်သုံးဆီစျေးနှုန်းများမှာလည်း ဒီဇင် ဘာ ၅ ရက်တွင် စတင်မြင့်တက်ခဲ့ပြီး ယင်း ရက်တွင် ရောင်းချခဲ့သည့် စျေးနှုန်းမှာ  92 RON တစ်လီတာလျှင် ကျပ် ၂၅၁၀၊ ၉၅ တစ်လီတာ လျှင် ကျပ် ၂၆၄၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၁၀၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြစ်‌သည်။

ယင်းစျေးနှုန်းမှာ ယခင်ကထက် မြင့် တက်ခဲ့ခြင်းဖြစ်ပြီး စက်သုံးဆီအမျိုးအစား 92 RON တစ်လီတာလျှင် ကျပ် ၃၄၀ ကျော်သို့ခုန် တက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၃၀ ရက်က ရောင်းချခဲ့သည့် စက်သုံးဆီစျေးနှုန်းများအရ 92 RON တစ်လီတာ လျှင် ကျပ် ၂၁၇၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၃၀၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၉၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၀၀ ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် စက်သုံးဆီစျေးနှုန်းများမှာ 92 RON နှင့် ၉၅ တစ်လီတာလျှင် ကျပ် ၃၄၀ စီ၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၅ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် ၁၀ ကျပ်စီ မြင့်တက်ခဲ့ ခြင်းဖြစ်သည်။

နိုဝင်ဘာလဆန်းပိုင်းတွင် စက်သုံးဆီ စျေးနှုန်းမှာ ကျပ်နှစ်ထောင်စွန်းစွန်းသာရှိခဲ့ သော်လည်း လကုန်ပိုင်းတွင် ကျပ် ၂၁၀၀ ကျော်သို့ ရောက်ရှိခဲ့သည်။

နိုဝင်ဘာ ၁၁ ရက် စက်သုံးဆီစျေးနှုန်း များမှာ 92 RON တစ်လီတာ ကျပ် ၂၀၆၀၊ ၉၅ တစ် လီတာ ကျပ် ၁၆၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၁၅ ကျပ်ဖြစ်‌ကြောင်း စက်သုံးဆီအရောင်းဆိုင် များ၏ စျေးနှုန်းများအရ သိရသည်။

သို့သော်ယင်းကာလတွင်လည်း စက်သုံး ဆီဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုကြောင့် မော်တော်ယာဉ်များ တန်းစီဝယ်ယူခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလပိုင်းကဖြစ်ပွားခဲ့သည့် အ ခြေအနေတွင် စက်သုံးဆီရှိလျက်နှင့် ရောင်း ချပေးခြင်းမရှိသည့် ဆိုင်သုံးဆိုင်ကိုအရေးယူ ခဲ့သည်ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီက သတင်းထုတ်ပြန်ခဲ့သည်။

 

စက်သုံးဆီကိစ္စ ဘယ်လိုဖြေရှင်းခဲ့သလဲ

စက်သုံးဆီဆိုင်များတွင် မော်တော် ယာဉ်များ အချိန်ကြာမြင့်စွာတန်းစီစောင့် ဆိုင်းရသည့် အခြေအနေများနှင့် ပတ်သက် ပြီး သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီများကို ချနေပြီး ဆီပြတ်လပ်မည်ဆိုသည်မှာ ကော လာဟလသာ ဖြစ်သည်ဟု စက်သုံးဆီတင် သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီအတွင်းရေးမှူး ဦးသန်းဇော်က ဒီဇင်ဘာ ၁၀ ရက်နောက်ပိုင်းတွင် ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။

“စက်သုံးဆီ သိုလှောင်ကန်စခန်းတွေမှာ ရှိတဲ့ စက်သုံးဆီတွေကို ဆီသယ်ယာဉ်ဘောက် ဆာတွေနဲ့ နေ့စဉ်ဖြန့်ဖြူးပေးနေတဲ့အတွက် လတ်တလောပျံ့နှံ့နေတဲ့ စက်သုံးဆီပြတ်လပ် နေပြီဆိုတဲ့ ကောလာဟလသတင်းတွေက မှန်ကန်မှုမရှိကြောင်း ကျွန်တော့်အနေနဲ့ပြော ကြားလိုပါတယ်”ဟု ဦးသန်းဇော်က ပြောကြား သည်။

ယင်းကာလအတွင်း သီလဝါဆိပ်ကမ်း တွင် ဆီတင်သင်္ဘောခြောက်စင်း ဆိုက်ကပ် ထားပြီး ဓာတ်ဆီနှင့် ဒီဇယ်များကို ချယူနေ သည်ဟု ၎င်းင်းက ပြောကြားသည်။

“ပြည်ပကမှာယူ ထားတဲ့ ဆီတင်သင်္ဘော တွေအနေနဲ့ သီလဝါဆိပ်ကမ်းမှာ ခြောက်စင်း ဆိုက်ကပ်ထားပြီး ဓာတ်ဆီတန်ချိန် ၂၄၃၁၉ တန်ကျော်၊ ဒီဇယ်ဆီတန်ချိန် ၅၃၃၁၅  တန် ကျော်ကို သက်ဆိုင်ရာ သိုလှောင်ကန်တွေဆီ ကို ချယူနေပြီဖြစ်ပါ တယ်။ ဒါ့အပြင် ပင်လယ်ဝ မှာ အသင့်ရောက်ရှိနေတဲ့ ဓာတ်ဆီတန်ချိန် ၆၇၇၃၇ တန်ကျော်၊ ဒီဇယ်ဆီ ၆၅၃၅၉ တန် ကျော် သယ်ဆောင်လာတဲ့ သင်္ဘောကိုးစင်း လည်း သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်နိုင်ဖို့ အသင့်စောင့်ဆိုင်းလျက်ရှိပါတယ်”ဟု ဦးသန်း ဇော်က ပြောကြားသည်။

ဒီဇင်ဘာလအတွင်းမှာပင် စက်သုံးဆီ တင်သွင်းသည့်သင်္ဘောအစင်းရေ ၂၇ စင်း ရောက်ရှိရန်  Supplier များနှင့် ညှိနှိုင်းထား ပြီး ရောက်ရှိလာမည်ဟု ဦးသန်းဇော်က ပြော ကြားသည်။

 “ဒီဇင်ဘာ ၈ ရက်အထိ သီလဝါသို လှောင်ကန်စခန်းတွေ၊ အခြားဒေသက သို လှောင်ကန်စခန်းတွေမှာ စက်သုံးဆီ လက်ကျန်အခြေအနေနဲ့ ပြည်တွင်းလမ်းခရီး သယ်ယူပို့ဆောင်နေမှုတွေ အပါအဝင် သီလဝါ ဒေသ jetty တွေမှာ ဆိုက်ကပ်ထားတဲ့ ဆီတင် သင်္ဘောခြောက်စင်း၊ ပင်လယ်ဝ pilot station မှာ ဆိုက်ကပ်ထားတဲ့ဆီတင်သင်္ဘော ကိုးစင်း၊ စင်ကာပူကနေဆီတင်ပြီးထွက်လာတဲ့ ဆီတင် သင်္ဘောတစ်စင်း စုစုပေါင်း ၁၆ စင်း ရှိတာ ကြောင့် ပြည်တွင်းသုံးစွဲမှုပမာဏအရ အများ ပြည်သူတွေအနေနဲ့ စက်သုံးဆီပြတ်လပ်မှာ ကို စိုးရိမ်ပူပန်စရာမလိုကြောင်း သတင်း စကားပါးလိုပါတယ်။ ဒီအပြင် နောက်ထပ် ဒီဇင်ဘာလအတွင်းမှာပဲ ပြည်ပက ဆီတင် သင်္ဘော ၂၇ စင်းနဲ့ထပ်မံတင်သွင်းဖို့ supplier တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားရှိပြီးလည်း ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ဒီဇင်ဘာ ၁ ရက်မှ ၈ ရက်အထိ ရှစ် ရက်တာကာလအတွင်း 92 RON  ဂါလန် ခြောက်သန်း ခုနစ်သိန်း နီးပါး၊ 95 Ron ဂါလန် တစ်သန်း ခုနစ်သိန်းခန့်၊  HSD ဂါလန် ခြောက် သန်းကျော်၊ PD ဂါလန် ခုနစ်သန်းတစ်သိန်း ကျော် ဖြန့်ဖြူးပေးခဲ့ပြီး တစ်ရက်ပျမ်းမျှအနေ ဖြင့် 92 RON သည ဂါလန် ရှစ်သိန်းသုံးသောင်းကျော်၊ 95 Ron  သည် ဂါလန် နှစ်သိန်းတစ်သောင်းကျော်၊  HSD ဂါလန် ခုနစ်သိန်း ငါးသောင်းကျော်၊ PD ဂါလန် ရှစ်သိန်းကိုးသောင်းကျော် ဖြန့်ဖြူး ပေးခဲ့ရကြောင်း၊ ယခုရက်ပိုင်းအတွင်း၌ ပြည် ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးများတွင် ဖွင့်လှစ်ထားသည့် လိုင်စင် ရအရောင်းဆိုင်များကို ယခင်ဖြန့်ဖြူးပေး နေသည့် ပမာဏထက် 92 RON သည် ဂါလန် နှစ် သိန်း သုံးသောင်းကျော်၊   95  Ron သည် ဂါလန် တစ် သိန်း နှစ်သောင်းကျော်၊  HSD ဂါလန် တစ် သိန်း သုံးသောင်းကျော်နှင့် PD ဂါလန် နှစ် သိန်း လေးသောင်းကျော် ပိုမိုဖြန့်ဖြူးပေးခဲ့             ရသည်ဟု စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့် ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။

ယင်းကာလအတွင်း စက်သုံးဆီများကို ဆီဆိုင်များတွင် သွားရောက်ဝယ်ယူကာ ပြန် လည်ရောင်းချသည့် စျေးကွက်မှာလည်း ခေတ်စားခဲ့သည်ဟု ယင်းကော်မတီမှ သိရ သည်။

 “သုံးစွဲသူတချို့ကလည်း ကိုယ်ချင်းစာ နာစိတ်မရှိဘဲ အခေါက်ခေါက် ထုတ်ယူသို လှောင်ပြီး တစ်ဆင့်ပြန်လည်အမြတ်တင် ရောင်းချနေတာမျိုးတွေလည်း ရှိတယ်လို့ ကြားသိရပါတယ်” ဟု ယင်းကော်မတီအတွင်း ရေးမှူး ဦးသန်းဇော်က ပြောကြားသည်။

ယင်းသို့ ပြန်လည်ရောင်းချခြင်းများကို စစ်ဆေးကြပ်မတ်ပြီး တရားဥပဒေအရ အရေး ယူမှုများ လုပ်ဆောင်မည်ဟု ၎င်းင်းကဆက် လက်ပြောကြားသည်။

“စက်သုံးဆီတွေကို လိုင်စင်မဲ့သယ်ယူ ပို့ဆောင်တာ၊ သိုလှောင်တာ၊ ရောင်းချတာ တွေ စစ်ဆေးတွေ့ရှိရရင် အနည်းဆုံးဒဏ်ငွေ ကျပ်သုံးသိန်းမှ အများဆုံးဒဏ်ငွေကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက်မပို သောထောင်ဒဏ်ဖြစ်စေ ပြစ်ဒဏ်အပြင် ပြစ် ဒဏ်နှစ်ရပ်လုံး စီရင်ခြင်းခံရမယ့်အပြင် ပြစ်မှု ကျူးလွန်ခြင်းနှင့် သက်ဆိုင်သောပစ္စည်းများ ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆီဆိုင်တွေမှာ ဆီတွေတိုးဝယ်ပြီး အပြင်မှာလိုင်စင်မဲ့ ရောင်း ချတာ၊ နေအိမ်၊ ခြံဝင်းတွေ၊ ဘယ်နေရာမဆို လိုင်စင်မဲ့ရောင်းချတာတွေကို စစ်ဆေးကြပ် မတ်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက် သွားမှာဖြစ်ပါတယ်”ဟု ဦးသန်းဇော်က ပြော ကြားသည်။

 

မျှောစနစ်နဲ့ သယ်ယူရမယ့် စက်သုံးဆီ

ဒီဇင်ဘာလပိုင်းမှာပင် သီလဝါ ဆိပ်ကမ်းမှ ထုတ်ယူသည့် စက်သုံးဆီများကို မျှောစာဖြင့် သယ်ယူရမည်ဖြစ်ပြီး မျှောစာကို အွန်လိုင်းမှတစ်ဆင့် ထုတ်ပေးနိုင်ရန် စီစဉ်နေသည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ယခင်က သီလဝါဆိပ်ကမ်းမှထုတ်ယူ သည့် စက်သုံးဆီများကို မြန်မာတစ်နိုင်ငံလုံး သို့ သယ်ယူရာတွင် မျှောစာမလိုအပ်ဘဲ မည် သည့်နေရာကိုမဆို သယ်ယူနိုင်ခွင့်ရှိခဲ့ရာမှ မျှောစာပါမှသာ သယ်ယူနိုင်သည့်စနစ်ကို ပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့် စင်သည် ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီ လဝါဆိပ်ကမ်းရှိ စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်း ဆောင်ရွက်နေသော စက် သုံးဆီ သိုလှောင်စခန်းများသို့ရောက်ရှိကာ စက်သုံးဆီများ ထုတ်ယူနေသည့်အခြေအနေ များကို ကြည့်ရှုခဲ့သည်ဟု သိရသည်။

သီလဝါဆိပ်ကမ်းတွင် ပြည်ပမှ စက်သုံး ဆီတင်သင်္ဘောများဖြင့် စက်သုံးဆီ တင်သွင်း ရောက်ရှိနေမှု အခြေအနေများ၊ စက်သုံးဆီသို လှောင်ကန်များသို့ စက်သုံးဆီလက်ခံချယူနေ မှုအခြေအနေများ၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများသို့ ဆီသယ်ယာဉ်များဖြင့် စက်သုံးဆီ ဖြန့်ဖြူးပေးပို့ရန် မျှောစနစ်ဖြင့် ဆောင်ရွက်နေ မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက ဆီသယ်ယာဉ်များ အတွက် လူကိုယ်တိုင်မျှောထုတ်ယူရသည့် စနစ်မှ အွန်လိုင်းဖြင့် မျှောထုတ်ယူနိုင်သည့် အဆင့်သို့အသုံးပြုသွားနိုင်ရေးနှင့် ှသ်အတမေန စနစ် တပ်ဆင်အသုံးပြု၍ စက်သုံးဆီဝယ်ယူ သုံးစွဲမှုအခြေအနေကို ကြီးကြပ်စောင့်ကြည့် နိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် စက်သုံးဆီအရောင်း ဆိုင်များက အများပြည်သူသို့ ဝန်ဆောင်မှု ကောင်းမွန်စွာဖြင့် အရည်အသွေးနှင့် အချိန် အတွယ်ပြည့်မီစွာ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ ဆီတင်/ဆီ ချဆောင်ရွက်ရာတွင် စက်သုံးဆီများယိုဖိတ် မှုမရှိစေရေးနှင့် စက်သုံးဆီများကို အရည် အသွေးပြည့်မီစွာ ထိန်းသိမ်းဖြန့်ဖြူးပေးနိုင် ရေးတို့ကို တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ် ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

“မျှောစာပါမှပဲ သယ်လို့ရတော့တယ်။ အရင်ကတော့ ဆီထုတ်ပြီးတာနဲ့ ကိုယ်သယ် မယ့်နေရာကို သွားလိုက်ရုံပဲ။ အဲဒီလိုကနေ ပြင်လိုက်တာပေါ့”ဟု စက်သုံးဆီစျေးကွက်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

စက်သုံးဆီများမှာ နိုဝင်ဘာနှင့် ဒီဇင် ဘာလဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ စက်သုံးဆီ ဆိုင်များတွင် မော်တော်ယာဉ်များ တန်းစီ စောင့်ဆိုင်းဝယ်ယူရမှုမှာ နှစ်လဆက်တိုက် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်ပြီး စက်သုံးဆီစျေး ကွက်မှာ မည်သို့ဆက်ဖြစ်မလဲဆိုသည်ကို စောင့်ကြည့်ရမည့် အခြေအနေလည်းဖြစ် သည်။

Most Read

Most Recent