လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ အဂတိလိုက်စားမှု ကျူးလွန်ခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများကို စုံစမ်းစစ်ဆေး ဖော်ထုတ်လျက်ပြီး အဂတိအမှုများကို ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူရန် ညွှန်ကြားထားကြောင်း နစက ဒုတိယဥက္ကဋ္ဌ ပြောကြား

လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ အဂတိလိုက်စားမှု ကျူးလွန်ခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများကို စုံစမ်းစစ်ဆေး ဖော်ထုတ်လျက်ပြီး အဂတိအမှုများကို ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူရန် ညွှန်ကြားထားကြောင်း နစက ဒုတိယဥက္ကဋ္ဌ ပြောကြား
ပုံစာ - ဒီဇင်ဘာ ၉ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပသည့် အပြည် ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား တွင် နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှ အမှာစကား ပြောကြားစဉ်
ပုံစာ - ဒီဇင်ဘာ ၉ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပသည့် အပြည် ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား တွင် နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှ အမှာစကား ပြောကြားစဉ်
Published 10 December 2023

လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ အဂတိလိုက်စားမှုကျူးလွန်ခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများကို စုံစမ်းစစ်ဆေး ဖော်ထုတ်လျက်ပြီး အဂတိလိုက်စားမှုများကို ပြင်းပြင်းထန်ထန် ထိရောက်စွာအရေးယူရန် ညွှန်ကြားထား ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားသည်။

ဒီဇင်ဘာ ၉ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပသည့် အပြည် ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား အမှာစကားပြောကြားရာတွင် နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဂတိလိုက်စားမှုသည် နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ အုပ်ချုပ်ရေးနယ်ပယ်များတွင် ငွေကြေး၊ ပစ္စည်း၊ လုပ်ပိုင်ခွင့်ဆိုင်ရာ အဂတိလိုက်စားမှုများကို ပုံစံအမျိုးမျိုးဖြင့်ဖြစ်ပွားတတ်ကြောင်း၊ အဂတိလိုက်စား မှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိက အဟန့်အတားတစ်ခု ဖြစ်ခြင်းကြောင့် နိုင်ငံတော်၏ မူဝါဒများနှင့်ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေး အကျိုးအမြတ် ရယူဆောင်ရွက်မှုများ၊ နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို သွေဖယ်ပြီး နိုင်ငံတော် သစ္စာဖောက်ဖျက်မှုကို ကျူးလွန်သည့် မည့်သူ့ကိုမဆို ကျောသားရင်သား မခွဲခြားဘဲ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ အဂတိလိုက်စားမှုကျူးလွန်ခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများကို စုံစမ်းစစ်ဆေး ဖော်ထုတ်လျက်ရှိရာတွင် နိုင်ငံတော်အစိုးရဘက်မှလည်း အဂတိအမှုများကို ကျောသားရင်သားမခွဲခြားဘဲ ပြင်းပြင်းထန်ထန် ထိရောက်စွာအရေးယူရန် ညွှန်ကြားထားပါကြောင်း၊ ကော်မရှင်အနေဖြင့်လည်း ဥပဒေနှင့် အညီ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ နိုင်ငံတော်ကို ပြန်လည်အပ်နှံခြင်း၊ နိုင်ငံပိုင်ငွေကြေး၊ ပစ္စည်း ဆုံးရှုံးနစ်နာမှုမရှိအောင် ကာကွယ်ဆယ်တင် ပေးနိုင်ခဲ့ခြင်းများအပြင် ဥပဒေနှင့်အညီ ထိရောက်စွာ တရားစွဲ ဆို အပြစ်ပေး အရေးယူသည့် အဆင့်အထိ စနစ်တကျ ဆောင်ရွက်နေကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေး တရားစွဲတင်ဆောင်ရွက်ခဲ့သည့် အမှု များမှ ပြည်သူ့ဘဏ္ဍာ သိမ်းဆည်းနိုင်မှုနှင့် နိုင်ငံ့ဘဏ္ဍာသို့ ပြန်လည်ပေးသွင်းနိုင်မှုသည် ကျပ် ၂၃ ဘီလျံ ကျော်နှင့် အမေရိကန်ဒေါ်လာ လေးသန်းကျော်ရှိပြီး နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးမှုမရှိစေရေး ကာကွယ်နိုင်ခဲ့မှု သည် ကျပ် ၁၅၅ ဘီလျံကျော်နှင့် ယူရိုငွေ သုံးသန်းကျော်တို့အပြင် နိုင်ငံတော်က ရရန်ရှိသည့် ငွေကြေး၊ ပစ္စည်း၊ အခွန်အခများကိုလည်း သက်ဆိုင်ရာ Company များက ပြန်လည်ပေးသွင်းနိုင်ရေး ဆောင်ရွက်နိုင် ခဲ့ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

အဂတိလိုက်စားမှုသည် ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ်ကို လျော့ပါးစေပြီး တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ သားအခွင့်အရေးတို့ကို ခြိမ်းခြောက်လာကြောင်း၊ ထို့ပြင် လူ့အဖွဲ့အစည်းအတွင်း စောင့်ထိန်းရမည့် ကျင့်ဝတ်၊ စံတန်ဖိုးများနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာမှုတို့အတွက် အဟန့်အတားလည်း ဖြစ်ပေါ်လာ ကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှု အသိပညာပေးရေး၊ တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အစိုးရဌာန/အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍများအပြင် ပြည်သူ တစ်ရပ်လုံးကလည်း အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အနှစ်သာရများသည် အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်ပေး ရန်နှင့် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော် အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးတံတားများသဖွယ် ဆက်သွယ်ဆက်ဆံပြီး ယုံကြည်မှုတည် ဆောက်ပေးရသူများဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ် စောင့်ထိန်းမှုများ လွဲမှားသွားစေသည့် အဓိကအချက်သည် အဂတိလိုက်စားမှုပင်ဖြစ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်

ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များနှင့်အညီ အဂတိကင်းကင်းနှင့်ဆောင်ရွက်ကြမည်ဆိုပါက ပြည်သူများ၏ ယုံကြည်မှုကိုရရှိ၍ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်ကိုဖြစ်ပေါ်စေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြား သည်။

Most Read

Most Recent