မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးနှင့် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးက ကောင်စစ်ဆိုင်ရာတွေ့ဆုံမှုပြုလုပ်

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးနှင့် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးက ကောင်စစ်ဆိုင်ရာတွေ့ဆုံမှုပြုလုပ်
Published 8 December 2023

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးနှင့် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးက ကောင်စစ်ဆိုင်ရာ တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ဦးစိုးကိုကိုသည် ဒီဇင်ဘာ ၁ ရက်တွင် Selangor ပြည်နယ်ရှိ Sungai Buloh အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် မြန်မာနိုင်ငံသား သုံးဦးအားလည်းကောင်း၊  ဒီဇင်ဘာ ၄ ရက်တွင် Perak ပြည်နယ် Taiping အကျဉ်းထောင်မှ မြန်မာနိုင်ငံသားတစ်ဦးအားလည်းကောင်း သွားရောက်တွေ့ဆုံခဲ့ပြီး အမှုအယူခံဝင်နိုင်မှုအခြေအနေနှင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။

ထို့ပြင်အကျဉ်းထောင်မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ၍မြန်မာနိုင်ငံသားများအား စောင့်ရှောက်ပေးရေးနှင့် အယူခံဝင်နိုင်ရေးအတွက် ကူညီပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

ထို့အတူ သံအမတ်ဦးစိုးကိုကိုသည် ဒီဇင်ဘာ ၄ ရက်၌ပင် Penang ပြည်နယ်ရှိ Joru ထိန်းသိမ်းရေးစခန်းမှ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၁ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် တွေ့ဆုံ၍ကောင်စစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent