မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပြီး ခရီးသွားလုပ်ငန်း၊ သာသနာရေး၊ ယဉ်ကျေးမှုကဏ္ဍများအပါအဝင် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး

မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပြီး ခရီးသွားလုပ်ငန်း၊ သာသနာရေး၊ ယဉ်ကျေးမှုကဏ္ဍများအပါအဝင် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး
Published 8 December 2023

မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပြီး ခရီးသွားလုပ်ငန်း၊ သာသနာရေး၊ ယဉ်ကျေးမှုကဏ္ဍများအပါအဝင် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် ရှစ်ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ဒီဇင်ဘာ ၇ ရက်တွင် ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနဝန်ကြီး မစ္စတာဆုပ်ဂျန်ဒါဆိုဖီးအာတို့တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကာလရှည်ကြာတည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ ခရီးသွားလုပ်ငန်း၊ သာသနာရေး၊ ယဉ်ကျေးမှုကဏ္ဍများနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံ အပြန်အလှန်ထောက်ခံရပ်တည်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent