ရာနင်အိုဒင်းအမည်ရှိအမျိုးသမီးက အနောက်ဘက်ကမ်းဒေသ၏ ဂျီနင်စခန်းရှိ Freedom Theatre တွင် ကလေးများအတွက် စီစဉ်ပေးထားသော လှုပ်ရှားမှုအစီအစဉ်များအတွင်း စိတ်အနှောင့်အယှက်အဖြစ် ဆုံးအရာများမှတစ်ခုသည် ၎င်းတို့ ဆော့ကစားနေချိန် အကြမ်းဖက်မှုအသွင် ပြောင်းလဲသွားလေ့ရှိသည့် အခြေအနေဖြစ်သည်။ ကလေးများသည် မကြာခဏ အလွန်အမင်းကြမ်းတမ်းပြီး တစ်ဦးနှင့်တစ်ဦးရိုက်နှက် ထိုးပုတ်မှုများလည်း ဖြစ်ပွားလေ့ရှိ သည်။
ယင်းသည် သဘာဝအတိုင်း စိတ်ဒဏ်ရာများဖြင့် တုံ့ပြန်မှုဖြစ်ကာ အိုဒင်းက“ကလေးတွေဟာ သူတို့ ဘာကြောင့် လုပ်မိတယ်ဆိုတာကို သူတို့နားမလည်ကြပါဘူး။ ဒါပေမဲ့ သူတို့လုပ်နေကြပါတယ်”ဟုဆိုသည်။ တစ်ခါတစ်ရံသူသည် အကြမ်းဖက်ဆော့ကစားမှုမှတစ်ဆင့် စခန်းအတွင်းသို့ အစ္စရေးတို့၏ ကျူးကျော်ဝင် ရောက်မှုများ၏ စိတ်ဒဏ်ရာကိုဖြေရှင်းနေကြသောကလေးများကိုလည်း တွေ့ရှိခဲ့သည်။ အိုဒင်းကက လေးများကို ယင်းကဲ့သို့ပုံစံမျိုးဖြင့် ကစားခွင့်မပြုဘဲ ယင်းအစား၎င်းတို့ ၏ အကြောက်တရားနှင့် ဒေါသကို အာရုံစိုက်ရန် အခြားနည်းလမ်းတစ်ခုအနေဖြင့် ယဉ်ကျေးမှုနှင့်အနုပညာလှုပ်ရှားမှုများကို လုပ်ဆောင်စေသည်။
အသက် ၃၀ အရွယ် အိုဒင်းသည် ထက်မြက်ပြီးတက်ကြွသော လူငယ်တစ်ဦးဖြစ်သော်လည်း ခက် ခဲသောအချိန်ကာလကို ဖြတ်ကျော်ရသူပီပီ ရင့်ကျက်တည်ငြိမ်သော အသွင်အပြင်ရှိသည်။
ဒုတိယမြောက်လူထုအုံကြွမှုအတွင်း ကြီးပြင်းလာရသူတစ်ဦးအဖြစ် ၎င်း၏အလုပ်သည် အထူးသဖြင့် ၎င်းကိုယ်တိုင်အတွက် အလွန်အရေးပါလှသည်။ ကလေးများသည် အနုပညာနှင့် ဆော့ကစားမှုများမှတစ်ဆင့် စိတ်ဒဏ်ရာများကို ကုစားနိုင်ရမည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။
ကလေးများအနေဖြင့် ၎င်းတို့အတွက် ကောင်းမွန်သည်ဟ ုခံစားနိုင်သော ဘေးကင်းလုံခြုံသည့်နေ ရာများ လိုအပ်နေသည်ဟု အိုဒင်းက ပြောကြားခဲ့သည်။
ဂျီနင်းစခန်းရှိ ကလေးများ၏ ဘဝသည် စိတ်ဒဏ်ရာများဖြင့်ပြည့်နေသည်။ တစ်နေ့တွင် Freedom Theatre တွင် ကလေးများပျော်ပျော်ရွှင်ရွှင်ဖြင့် ဆော့ကစားနေသော်လည်း နောက်တစ်ရက်တွင် အစ္စရေးတပ်ဖွဲ့များက ယင်းစခန်းကိုဝင် ရောက်စီးနင်းမှုများရှိခဲ့သည်။ ဂါဇာတွင် အစ္စရေး၏စစ်ပွဲစတင်သည့် အောက်တိုဘာ ၇ ရက်နေ့ကတည်းက ယင်းကဲ့သို့ ဝင်ရောက်စီးနင်းမှုများ မကြာခဏရှိခဲ့သည်။
Freedom Theatre ကိုယ်တိုင်သည် အန္တရာယ်ပြုပြီး အကြမ်းဖက်မည့် လူစိမ်းမရှိသည့်နေရာဖြစ်သည်။ မူလက Stone Theatre ဟု ခေါ်ဆိုခဲ့သော ယင်းနေရာကို ပထမအကြိမ်လူထုအုံကြွမှုအပြီး ၁၉၈၇ ခုနှစ်တွင် အစ္စရေးတက်ကြွလှုပ်ရှားသူ အာနာမာခါမစ်က တည်ထောင်ခဲ့ခြင်းဖြစ်သူ သူသည် ၁၉၉၅ ခုနှစ်တွင် သေဆုံးခဲ့သည်။
မာခါမစ်သည် ၁၉၂၉ ခုနှစ်တွင် ဂျူးမိသားစုတစ်စုမှ မွေးဖွားလာခဲ့သူဖြစ်ပြီး ပါလက်စတိုင်းများ၏အ ခွင့်အရေးများအထူးသဖြင့် ကလေးများကို ဘဝတစ်လျှောက် အားပေးလာသူဖြစ်သည်။၎င်း၏ Theatre နှင့်အတူ အနုပညာနှင့် လှုပ်ရှားမှုများမှတစ်ဆင့် ကလေးများ၏ စိတ်ဒဏ်ရာကို ကုစားပေးနိုင် သည့်နေရာတစ်နေရာ ဖြစ်လာစေရန်နှင့် အမျိုးသမီးများကို စိတ်ခွန်အားပေးရန်အတွက် မျှော်လင့်ထားသည်။
Theatre အဖြစ်စတင်ဖွဲ့စည်းခဲ့သော အခန်းပါရှိသည့် ပထမဆုံး အဆောက်အအုံသည် ဒုတိယအကြိမ် လူထုအုံကြွမှုအတွင်း အစ္စရေးတပ်ဖွဲ့များက ၂၀၀၂ ခုနှစ်တွင် ဖျက်စီးခဲ့သည်။
၂၀၀၆ ခုနှစ်တွင် အာနာနှင့် ၎င်း၏ပါလက်စတိုင်းခရစ်ယာန်ခင်ပွန်းဖြစ်သူ ဆာလီဘာခါမစ်တို့၏ သားဖြစ်သူ ဂျူလီယာနိုမာခါမစ်က ဂျီနင်ရှိစခန်းအသစ်တွင် Theatre ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် အမည်မသိ လူတစ်ဦးက theatre ကို ဓာတ်ဆီ ပုလင်းဗုံးနှစ်လုံးဖြင့် ပစ်ပေါက်ခဲ့သော်လည်း ထိုအချိန်တွင် theatre အတွင်း၌ မည်သူတစ်ဦးမှမရှိပေ။ဂျူလီယာနိုသည် အသက် ၅၂ နှစ်အရွယ်အချိန် ၂၀၁၁ ခုနှစ်တွင်ဂျီနင်၌ မျက်နှာဖုံးစွပ်တိုက်ခိုက်သူတစ်ဦး၏ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရ သည်။ယင်းသတ်ဖြတ်မှုနှင့်ပတ်သက်၍အဖြေမရှာနိုင်ခဲ့ပေ။
နောက်ဆုံးအကြိမ် အကျပ်အတည်းအတွင်း theatre ၏ညွှန်ကြားရေးမှူး မူစတာဖာရှီတာက ၎င်း၏ theatre ကို လာရောက်လည်ပတ်သူများကို အပြုံးဖြင့်ကြိုဆိုပြီး theatre အကြောင်းနှင့်ဂါဇာတွင် အစ္စရေး၏ စစ်ပွဲအကြောင်းကို လေးလေးနက်နက် နှစ်သိမ့်ဆွေးနွေးပေးလေ့ရှိသည်။ယင်းနေ့များတွင် နေ့စဉ်နေ့တိုင်း အသက် ၄၃ နှစ်အရွယ်ရှီတာသည် ဂျီနင်ဒုက္ခသည်စခန်းရှိ Freedom Theatre သို့ လာရောက်သော ဧည့်သည်များနှင့် စကားပြောဆိုနှစ်သိမ့်ပေးလေ့ရှိသည်။
ဂျီနင်စခန်းကို အစ္စရေးတပ်ဖွဲ့က မကြာခဏ ဝင်ရောက်စီးနင်းလေ့ရှိသောကြောင့် ပုံမှန်အစီအစဉ်များ စုစည်းလုပ်ဆောင်နိုင်ရန် ခက်ခဲပြီး ဒုတိယအစီအစဉ် အမြဲထားရှိလုပ်ဆောင်နေရသည်ဟု ရှီတာကဆို သည်။“အနုပညာမှတစ်ဆင့်တော်လှန်မှု”သည် theatre ၏လက်စွဲဆောင်ပုဒ်ဖြစ်သည်။
“ကျွန်တော်တို့တွေ ပါလက်စတိုင်းလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ဖို့ ရုန်းကန်နေရပါတယ်။ အစ္စရေး ရဲ့တိုက်ခိုက်သိမ်းပိုက်မှုကို ပါလက်စတိုင်းတွေရဲ့ခုခံမှုတွေကိုပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိ မယ်လို့ယုံကြည်ပါတယ်” ဟု ရှီတာက ပြောကြားခဲ့သည်။ Ref:Aljazeera















