ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အယူအဆလမ်းကြောင်း မတူခြင်းအပေါ် ရန်သူဟုသဘောထားခြင်းသည် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို များစွာအနှောင့်အယှက်ဖြစ်စေကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အယူအဆလမ်းကြောင်း မတူခြင်းအပေါ် ရန်သူဟုသဘောထားခြင်းသည် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို များစွာအနှောင့်အယှက်ဖြစ်စေကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 2 December 2023

ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အယူအဆ လမ်းကြောင်းမတူခြင်းအပေါ် ရန်သူဟု သဘောထားခြင်းသည် ပါတီစုံ ဒီမို ကရေစီလမ်းကြောင်းကို များစွာအနှောင့်အ ယှက်ဖြစ်စေကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဒီဇင်ဘာ ၁ ရက်က ရန်ကုန်မြို့တွင် အမျိုး သားဒီမိုကရေစီပါတီသစ်ပါတီဥက္ကဋ္ဌ ဦးသန်းထွန်းလုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ် သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်း ထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။

“အမျိုးသားဒီမိုကရေစီပါတီသစ်က ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေတဲ့ ဦးသန်း ထွန်းကို ရန်ကုန်  မြို့မှာ PDF အဖွဲ့က ပစ်ခတ် သတ်ဖြတ်ခဲ့တယ်ဆိုတာတွေ့ရပါတယ်။ ဒီ အမျိုးသားဒီမိုကရေစီပါတီသစ် ဆိုတာသည် ယခင်ကတည်းက တပ်မတော်အစိုးရလက် ထက် ကတည်းက တပ်မတော်နဲ့ အတိုက်အခံ ပြုလုပ်ပြီးတော့ ဒီမိုကရေစီအရေးကို ကြိုးပမ်းတဲ့အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ သို့သော် ဒီ အချိန်မှာ အမြင်မတူတာနဲ့ ငါနဲ့မတူ ငါ့ရန်သူ ဆိုပြီး သတ်ဖြတ်တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ ဖော်ဆောင်တဲ့ လမ်းကြောင်း တွေ၊ အယူအဆတွေ၊ အတွေးအခေါ်တွေ အမျိုးမျိုး ရှိမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာမှ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ ငါယူဆ တဲ့ လမ်းကြောင်း၊ ငါလုပ်ကိုင် တဲ့ဟာပဲ မှန် တယ်။ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထား တာသည် မြန်မာနိုင်ငံရဲ့ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို များစွာ အနှောင့်အယှက် ဖြစ်စေပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်အနေဖြင့်မဲမသမာမှုဖြစ် စဉ်များကြောင့် နိုင်ငံတော်တာဝန်ယူခဲ့ရ ခြင်း ဖြစ်ပြီး မဲမသမာမှုဖြစ်စဉ်များနှင့်ပတ် သက်၍ တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းရန် ပြော ဆိုခဲ့သော်လည်း တရားဥပဒေအရ ရင်ဆိုင် ဖြေရှင်းခြင်းမရှိဘဲ လက်နက် ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ဒီ PDF အဖွဲ့တွေအနေနဲ့ နေရာမျိုးစုံ၊ မီဒီယာ မျိုးစုံကနေပြီး သူတို့နဲ့အတွေး အခေါ် မတူတဲ့ သူမှန်သမျှကို ဆန့်ကျင်ဖို့၊ သတ်ဖြတ်ဖို့၊ အမြဲ တမ်း လှုံ့ဆော်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူလူထု အ နေနဲ့စဉ်းစားကြည့်ပါ။ ဒီလိုမျိုးအတွေးအ ခေါ်မျိုးရှိတဲ့ လူတွေဟာ ကျွန်တော်တို့ပြည်သူ လူထုလိုလားတဲ့ ဒီမိုကရေစီစနစ်၊ ကျွန်တော် တို့ပြည်သူလူထု လိုလားနေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဒီလက်နက်ကိုင် ဓားပြ တွေက၊ လက်နက်ကိုင်အကြမ်းဖက်သူတွေ က တည်ထောင်ပေးနိုင်မယ်လို့ ယုံကြည်ပါသ လား။ ယုံကြည်တယ်ဆိုရင် ဒီလောက်မိုက်မဲတဲ့ ယုံကြည်မှုမျိုးတော့ ရှိမှာမဟုတ်ဘူးလို့ပဲ ကျွန် တော်ပြောလိုပါတယ်”ဟု ပြောကြားသည်။

ဒီမိုကရေစီစနစ်သည် ပြည်သူလူထု၏ ဆန္ဒကို အကြမ်းဖက်သည့်နည်း၊ ခြိမ်းခြောက် သည့်နည်းမပါဝင်ဘဲ ဖော်ဆောင်ရသည့် စ နစ်ဖြစ်ကြောင်း၊ ပြည်သူလူထုကရွေးချယ် သည့် ကိုယ်စားလှယ်များသည် ဒီမိုကရေစီ နည်းလမ်းတကျ၊ ပြဋ္ဌာန်းထားသည် တရား ဥပဒေများအရ ဖော်ဆောင်ရခြင်းမျိုးဖြစ် ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား သည်။

“ဒီလိုမျိုးမဟုတ်ဘဲနဲ့ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကိုအားပေးနေတယ် ဆိုရင် မိမိရဲ့စိတ်ထဲမှာ တကယ်ရော ဒီမိုက ရေစီလိုချင်တာလားဆိုတဲ့ ဆန်းစစ်မှုမျိုး ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ ပြည်သူလူထုလိုလားတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းတဲ့နေရာမှာ နိုင်ငံတော် ဝန်ကြီးချုပ် ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့ တပ်မတော်သည် ပြည်သူလူ ထုနဲ့ တစ်သားတည်းရှိပါတယ်}}ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်သည် ပါတီစုံဒီမိုကရေစီ စနစ်ကို စတင်ဦးဆောင် ဖော်ဆောင်ခဲ့သူဖြစ် ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ခိုင်မာစေခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့ ရည်မှန်းချက်များဖြစ်သည့် ပါတီစုံဒီမိုကရေစီ စနစ်နှင့် ပြည်ထောင်စုစနစ်ကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို မလွဲမသွေ လျှောက်လှမ်း တည်ထောင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent