ရေဖြူမြို့နယ်၊ အလယ်စခန်း ရွာအနီးတွင် ငွေကျပ် ၈၇ ဒသမ ၄ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကတ်တမင်း ၂ ဒသမ ၃ တန် ဖမ်းဆီးရမိ

ရေဖြူမြို့နယ်၊ အလယ်စခန်း ရွာအနီးတွင် ငွေကျပ် ၈၇ ဒသမ ၄ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကတ်တမင်း ၂ ဒသမ ၃ တန် ဖမ်းဆီးရမိ
Published 30 November 2023

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးတွင် ငွေကျပ် ၈၇ ဒသမ ၄ ဘီလျံ တန်ဖိုးရှိ စိတ်ပြောင်းဆေး ကတ်တမင်း ၂ ဒသမ ၃ တန်ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က နိုဝင်ဘာ ၂၉ ရက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။

စိတ်ပြောင်းဆေး ကတ်တမင်းများဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီခန့်က လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတွင် စစ်ဆေးမှုများလုပ်ဆောင်နေစဉ် ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ ခင်ဇော် မောင်းနှင်ပြီး အောင်ကျော်ဦး လိုက်ပါလာသော SINOTTUK TIPPER အမျိုးအစား မော်တော်ယာဉ်အား မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။

ထို SINOTTUK TIPPER အမျိုးအစား မော်တော်ယာဉ်တွင် ဆားအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ဒေသကာလတန်ဖိုး ၈၇ ဒသမ ၄ ဘီလျံ တန်ဖိုးရှိ စိတ်ပြောင်းဆေး ကတ်တမင်း ၂ ဒသမ ၃ တန် အားရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် စိတ်ပြောင်းဆေး ကတ်တမင်း များသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ခဲ့သူ မနီနီလှိုင် ဆိုသူကိုလည်း နိုဝင်ဘာလ (၂၃) ရက် ညနေ (၅) နာရီအချိနခန့်က ဘားအံ - မော်လမြိုင်ကားလမ်း၊ ဇာသပြင်တံတားအနီးတွင် TOYOTA LANDCTUISER မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမးဆီးရမိခဲ့ကြောင်း သိရသည်။

စိတ်ပြောင်းဆေး ကတ်တမင်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သူများ၏ စစ်ဆေးဖေါ်ထုတ်ချက်များအရ ထိုစိတ်ပြောင်းဆေး ကတ်တမင်းများအား ရှမ်းပြည်နယ် မှ တနင်္သာရီတိုင်းဒေသကြီးသို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်းကို စစ်ဆေးပေါ်ပေါက်ထားကြောင်း သိရသည်။

စိတ်ပြောင်းဆေး  ကတ်တမင်းများ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူများအား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း ဆက်စပ်သူများကိုလည်း ဆက်လက်ဖေါ်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။



 

Most Read

Most Recent