တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်စစ်သင်္ဘော မောင်းနှင်မှုနှင့်ပတ်သက်ပြီး တရုတ်နှင့် အမေရိကန် အပြန်အလှန် ဝေဖန်ပြစ်တင်

တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်စစ်သင်္ဘော မောင်းနှင်မှုနှင့်ပတ်သက်ပြီး တရုတ်နှင့် အမေရိကန် အပြန်အလှန် ဝေဖန်ပြစ်တင်
Published 26 November 2023

 

 

၂၀၁၈ ခုနှစ် ဇွန် ၁၄ ရက်က အင်ဒို-ပစိဖိတ်ဒေသရှိ အမေရိကန်၏ အမှတ် ၇ စစ်သင်္ဘောအုပ်စုသို့ ဖြန့်ကြက်ချထားသည့် အမေရိကန်၏ ဖျက်သင်္ဘော USS Benfold ကို တွေ့ရစဉ် - Photo: Reuters

Ref: Reuters

တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် စစ်သင်္ဘောတစ်စင်း မောင်းနှင်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး တရုတ်နှင့် အမေရိကန်အကြား အပြန်အလှန် ဝေဖန်ပြစ်တင်မှုများရှိခဲ့သည်။

နယ်နိမိတ်ပိုင်ဆိုင်မှုအငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း အမေ ရိကန်စစ်သင်္ဘောတစ်စင်းကို မောင်းထုတ်ခဲ့ကြောင်း တရုတ်စစ်တပ်က ပြောကြားခဲ့ပြီး အမေရိကန်က ရေတပ်ကမူ လုပ်ရိုးလုပ်စဉ်အတိုင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အရ သင်္ဘောမောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲပြစ်တင်မှုများ ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၅ ရက်က တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၏ တောင်ပိုင်း စစ်နယ်ဝန်းဌာနချုပ်၏ တရားဝင် we chat လူမှုမီဒီယာအကောင့်တွင် တင်ထားသည့် ပို့စ်တစ်ခု၌ တရုတ်စစ်တပ်သည် အမေရိကန် ဖျက်သင်္ဘောကို ခြေရာခံ၊ စောင့်ကြည့်ပြီး ထွက်ခွာသွားစေရေးအတွက် သတိပေးရန် ရေတပ်နှင့် လေတပ်ကို ဖြန့်ကြက်ချထားခဲ့ ကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်ရေတပ်ကမူ ၎င်းတို့၏ စစ်သင်္ဘောသည် ပါရာဆယ်ကျွန်းစုအနီး တောင် တရုတ်ပင်လယ်တွင် နိုင်ငံတကာဥပဒေနှင့်အညီ ရေကြောင်းသွားလာပိုင်ခွင့်ကို အရယူ ခဲ့ခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၂၆ ရက်က ပြော ကြားခဲ့သည်။

တရုတ်သည် နှစ်စဉ် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃ ထရီလျံရှိသည့် ပင်လယ်ကူး သင်္ဘောများသွားလာသည့် လမ်းကြောင်းများ တည်ရှိသည့် တောင်တရုတ်ပင်လယ်၏ နယ် နိမိတ်အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေ ညာထားပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီး ရှား၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတို့နှင့် ပိုင်ဆိုင် မှု အငြင်းပွားလျက်ရှိသည်။

၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာ အနုညာတ ခုံရုံးက တောင်တရုတ်ပင်လယ်ကို ပိုင် ဆိုင်ကြောင်း ကြေညာထားသည့် တရုတ်၏ ကြေညာချက်များကို တရားရေးအရ အခြေအမြစ်မရှိကြောင်း စီရင်ဆုံးဖြတ်ခဲ့သည်။

ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ် တွင် ကင်းလှည့်မှုများပြုလုပ်ရန် ပြည်ပအင် အားစုများကို အားပေးထောက်ခံနေသည်ဟု တရုတ်က စွပ်စွဲခဲ့ပြီးနောက် ရက်ပိုင်းအကြာ တွင် ဖိလစ်ပိုင်နှင့် သြစတြေးလျတို့သည် နို ဝင်ဘာ ၂၅ ရက်တွင် တောင်တရုတ်ပင်လယ်၌ ၎င်းင်းတို့၏ ပထမဆုံး ပူးတွဲရေတပ်ကင်းလှည့်မှု နှင့် လေကြောင်းကင်းလှည့်မှုများကို ပြုလုပ်ခဲ့ သည်။

ယခုသီတင်းပတ်ကုန်အတွင်းဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်အရ အမေရိကန်သည် တောင် တရုတ်ပင်လယ်တွင် လုံခြုံရေး အန္တရာယ်ကို အလုံးစုံဖန်တီးနေကြောင်း ပြသရာရောက် သည်ဟု တရုတ်က ပြောကြားခဲ့သည်။

အမေရိကန်၏ အမှတ် ၇ စစ်သင်္ဘော အုပ်စုမှ ပြောရေးဆိခွင့်ရှိသူ ရေတပ်ဗိုလ်ကြီး ခရစ္စတီးနား ၀ိုင်ဒီမန်းက အမေရိကန်သည်  နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုမှုများကို ဂရုမထားဘဲ ကမ္ဘာတစ်ဝန်းတွင် ပင်လယ်ရေ ကြောင်းဆိုင်ရာ ပိုင်ဆိုင်ကြောင်း အလွန်အ ကျူးထွက်ဆိုနေသည့် ကြေညာချက်များကို စိန်ခေါ်နေကြောင်း ပြောကြားခဲ့သည်။

“တောင်တရုတ်ပင်လယ်မှာ ရေပြင်နယ် နိမိတ်ပိုင်ဆိုင်ကြောင်း ထွက်ဆိုတဲ့ တရားမ ဝင်ကြေညာချက်တွေဟာ ပင်လယ်ရေ ကြောင်းဆိုင်ရာလွတ်လပ်ခွင့်အတွက် ဆိုးရွားတဲ့ ခြိမ်းခြောက်မှုဖြစ်ပါတယ်” ဟု ၀ိုင်ဒီမန်းက ပြောကြားခဲ့သည်။

         

Most Read

Most Recent