နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယွန်းက ဘာစီလိုနာ ၀ါရင့်ကစားသမားတွေဖြစ်တဲ့ ပီကေး၊ ဘူးစကွက်စ်၊ အယ်လ်ဘာကို ထွက်သွားပြီးနောက်ပိုင်း စတီဂန်၊ ရော်ဘတ်တိုတို့နဲ့အတူ ဘာစီလိုနာ အသင်းခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်လာခဲ့သူပါ။ ၂၀၁၉ နွေရာသီမှာ အေဂျက်စ်အသင်းကနေ ယူရို (၇၅)သန်းနဲ့ ရောက်ရှိလာတဲ့ ဒီယွန်းက (၄)ရာသီအတွင်း ဘာစီလိုနာရဲ့ အဓိက ထောက်တိုင်ကစားသမားအဖြစ် အသုံးတော်ခံခဲ့သူပါ။ လက်ရှိမှာ ဒဏ်ရာက ပြန်လည်သက်သာလာပြီး ဘာစီလိုနာနဲ့ ပြန်လည်ပူးပေါင်းနေတဲ့ အသက် (၂၆)နှစ်အရွယ် ဒီယွန်းကို စပိန်သတင်းစာ El Periodico က အင်တာဗျူး ပြုလုပ်ခဲ့ပါတယ် . . .















