၁၇ ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင် တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ပြင်ဦးလွင်မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်း ငါးရက် တိုင်တိုင် ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ယခုအခါ ပြုလုပ်တော့မည်မဟုတ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သတင်းရရှိ သည်။
၂၀၂၃ ခုနှစ် မီးပုံးပျံပွဲတော်တွင် ညမီးကျည် ၁၇ လုံး၊ စိန်နာပန်း ၁၂ လုံး၊ နေ့ရုပ် အလှ ၃၅ လုံး လွှတ်တင်သွားရန် စီစဉ်ထားပြီး ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ရှမ်းရိုးရာအကအလှများနှင့် တေးဂီတဖျော် ဖြေရေးများ၊ လွင်မြန်မာ မင်္ဂလာဆင် ပြင်ဦးလွင် ဆင်၏အကအလှများ၊ မြန်မာသံစဉ်တေးဂီတ ဖျော်ဖြေရေးအစီအစဉ်များ၊ DJ အစီအစဉ်များ၊ ကံစမ်းမဲအစီအစဉ်များ၊ ကလေးများအ တွက် ကစားကွင်းများ (ပင်လယ်ဓားပြနှင့် ချား၊ ရဟတ်များ)၊ ကုန်စည်ပြပွဲများ၊ စျေး ရောင်းပွဲတော်နှင့် အရောင်းပြခန်းများစသည့် စိတ်ဝင်စားဖွယ်ရာအစီအစဉ်များ၊ အခြားနှစ် များနှင့်မတူသော Free Show (ဝင်ကြေး အ ခမဲ့) များလည်း ပါဝင်မည်ဖြစ်ကြောင်း ပွဲတော် ကျင်းပရေးကော်မတီမှ ထုတ်ပြန်ကာ ပွဲတော် ကာလအတွင်း ဖွင့်လှစ်ရောင်းချလိုသည့် စျေးဆိုင်ရှင်များကို ဖိတ်ခေါ်ခဲ့ကြောင်း တွေ့ ရသည် ။
ထို့ပြင် ပွဲတော်အောင်မြင်စွာကျင်းပနိုင် ရေး အဖွဲ့အနေဖြင့် လိုအပ်သည့်လုံခြုံရေး ဆိုင်ရာအစီအမံများအား သက်ဆိုင်ရာ ဌာန ဆိုင်ရာများနှင့် စဉ်ဆက်မပြတ်ဆွေးနွေးညှိ နှိုင်းဆောင်ရွက်နေသောကြောင့် ပွဲတော်သို့ လာရောက်မည့် မည်သူ့ကိုမဆို အဆင်ပြေ ချောမွေ့စေရန် အပြည့်အဝတာဝန်ယူကြောင်း ပွဲတော်ကျင်းပရေးကော်မတီက ထုတ်ပြန်ခဲ့ သော်လည်း ယခုအခါ ပွဲတော်မကျင်းပဖြစ် တော့ကြောင်း သိရသည်။
ပွဲတော်မကျင်းပဖြစ်တော့သည့်အခြေ အနေနှင့်ပတ်သက်၍ ပွဲတော်ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက“မီးပုံးပျံပွဲ မလုပ်ဖြစ်တော့တာ ဟုတ်ပါတယ်။ မလုပ်ခိုင်း တော့လို့ပါ။ ဘာကြောင့်ဆိုတာတော့ ကျွန် တော်တို့လည်း သေချာမသိပါဘူး။ လက်ရှိ ဆိုင်ခန်းငှားထားသူအချို့ကို ပြန်လည်ဆောင် ရွက်ပေးပြီးပါပြီ” ဟု ပြောကြားသည်။















