ဒီပဲယင်းမြို့နယ် တောင်ပြင်ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာအတွင်း Drop Bomb ကျရောက်ပေါက်ကွဲသဖြင့် ကစားနေသည့် ကလေးငယ် ၁၀ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိ

ဒီပဲယင်းမြို့နယ် တောင်ပြင်ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာအတွင်း Drop Bomb ကျရောက်ပေါက်ကွဲသဖြင့် ကစားနေသည့် ကလေးငယ် ၁၀ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိ
Published 9 November 2023

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် တောင်ပြင်ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာအတွင်း  နိုဝင်ဘာ ၆ ရက်က Drop Bomb ကျရောက်ပေါက်ကွဲသဖြင့် ကစားနေသည့် ကလေးငယ် ၁၀ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိ ကြောင်း သတင်းရရှိသည်။

အဆိုပါ  Drop Bomb သည် အိမ်ရာဝင်းအတွင်းရှိ မြေကွက်လပ်သို့ကျရောက်ပေါက်ကွဲသဖြင့် ယင်းမြေကွက်လပ်တွင် ဆော့ကစားနေသော ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၆ ရက်  ညနေ ၅ နာရီ ၄၅ မိနစ်တွင်  ဒီပဲယင်းမြို့နယ်၊ တောင်ပြင်ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာအတွင်းသို့ PDF ၃၀ ခန့်က အင်းတန်းကျေး ရွာဘက်မှနေ၍ဒရုန်းယာဉ်ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဝန်ထမ်းအိမ်ရာအတွင်း မြေကွက်လပ်သို့ Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါမြေကွက်လပ်တွင် ဆော့ကစားနေသည့်ဝန်ထမ်းအိမ်ရာနေ မောင်တင်ထူးအောင်(၁၀ နှစ်)၊ မောင်သော်ဇင်ခန့်(၁၁ နှစ်)၊ မောင်ရဲဇင်ထွန်း(၆ နှစ်)၊ မောင်ကောင်းထက်မြတ်(၉နှစ်)၊ မောင်မြင့်မြတ်အောင်သူ(၉နှစ်)၊ မစုရတီလင်း(၈ နှစ်)၊ မယွန်းရတီမှုံ(၇ နှစ်)၊ မမေသူဆန်းမြင့်(၆ နှစ်)၊ မအိန္ဒြေဇင်(၁၂)နှစ်နှင့် မယွန်းမေသော်(၈)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းဖြစ်စဉ်မှ စုပေါင်းဝန်ထမ်းအိမ်ရာအတွင်းသို့ Drop Bomb များ ပစ်ချတိုက်ခိုက်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လို အပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့နေ ဦးအောင်စိုး (၄၂ နှစ်)သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF များ ပစ်ခတ်ခဲ့သည့် စိန်ပြောင်းဗုံးသီးတစ်လုံး နေအိမ်အနီး ကျ ရောက်ပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent