VAR ကို ပုံချထားတဲ့ အကျင့်ပျက်ခြစားမှု

VAR ကို ပုံချထားတဲ့ အကျင့်ပျက်ခြစားမှု
Photos: Getty Images
Photos: Getty Images
Published 8 November 2023
AK

ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်အမှားကြောင့် အာဆင်နယ်နစ်နာခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာပဲ ကွင်းလယ်ဒိုင်အန်သိုနီတေလာဟာ ဝုလ်ဗ်နဲ့ နယူးကာဆယ်ပွဲမှာ ဆုံးဖြတ်ချက်အမှားတွေချမှတ်ခဲ့လို့ ပရီးမီးယားလိဂ်ကနေ လိဂ်ချန်ပီယံရှစ်ဆီ ပို့ခံခဲ့ရတယ်။ လက်ရှိရာသီပရီးမီးယားလိဂ်မှာ VAR ဆုံးဖြတ်ချက်အမှားကြောင့် အငြင်းပွားဖွယ်ရာများစွာဖြစ်နေပါတယ်။ အားလုံးသိပြီးတဲ့အတိုင်း စပါးနဲ့ လီဗာပူးလ်ပွဲက ဖြစ်ရပ်တွေဟာ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အတွက် နစ်နာစရာတွေ ချည်းပဲ။ ကစားသမားနှစ်ဦး ထုတ်ပယ်ခံရတယ်။ အဆိုးဆုံးက ဒီယက်ဇ်ရဲ့ ဂိုးမပေးတာပဲ။ ဘယ်လိုမှ လူကျွံမနေတဲ့ ဂိုးကို ရပ်ကွက်ဒိုင်အဆင့်လောက်နဲ့ မှားခဲ့တာပါ။ ပြီးမှ ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်က မှားသွားတယ်ဆိုပြီး တောင်းပန်တယ်။ ပိုပြီးရှက်စရာကောင်းတဲ့အပြုအမူကို ကျုးလွန်လိုက်တာပါပဲ။ အာဏာပိုင်အဖွဲ့အစည်းတွေဟာ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်တယ်၊ ကျော်ရုံသာမက ကျင့်ဝတ်မရှိဘူး။ ကျင့်ဝတ်မရှိရုံမက တရားမျှတမှုလည်း မရှိဘူး။ ပရီးမီးယားလိဂ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကျော်ကြားမှုပုံရိပ်ပါ။ အခု ဒိုင်တွေရဲ့ ကန်းနေတဲ့ မျက်လုံးတွေကြောင့် အလှပျက်လာရပြီ။ ကန်းနေတဲ့ မျက်လုံးတွေဟာ သဘာဝအတိုင်း ကန်းနေတာမဟုတ်ပါဘူး။ သူတို့မျက်လုံးတွေဟာ ငွေကြေးရနံ့ ကြောင့် အမှောင်ဖုံးသွားရတာပါပဲ။

 

Most Read

Most Recent