ဈေးကွက်တန်ဖိုးနဲ့ စူပါစတား ကစားသမားများ

ဈေးကွက်တန်ဖိုးနဲ့ စူပါစတား ကစားသမားများ
Photo : Goal
Photo : Goal
Published 2 November 2023
Chan Myae

ဘောလုံးကမ္ဘာမှာ စူပါစတားတွေကို ခေါ် ချင်တယ်ဆိုရင် ကလပ်အသင်းတွေဟာ လစာတွေ အများကြီးပေးရပါတယ်။ စူပါစတားတစ်ဦးအတွက် ပေးလိုက်ရတဲ့ ငွေထဲမှာ သူတို့ဆီကနေ နည်းလမ်းအမျိုးမျိုးနဲ့ ရေတိုရေရှည် အကျိုးပြုမယ့် ရပေါက်ရလမ်းတွေ ရှိနေတာကြောင့်လည်း ပါတယ်။ Deloitte ရဲ့ စာရင်းတွေအရ မနှစ်က ဥရောပထိပ်တန်း အသင်း ၂၀ ရဲ့ ဝင်ငွေလည်ပတ်မှု စုစုပေါင်းဟာ ယူရို ၈.၂ ဘီလီယံ အထိရှိခဲ့ပြီး တစ်သင်းပျမ်းမျှ ယူရို သန်း၄၀၀ ကျော်ပမာဏဖြစ်နေတယ်။ ရော်နယ်လ်ဒို၊ မက်ဆီတို့လို ကွင်းတွင်းကွင်းပြင် သြဇာကြီးတဲ့ ကစားသမားတွေရှိပေမယ့် တချို့လည်း စူပါစတားဖြစ်ဖို့ ကွင်းတွင်းမှာ အကောင်းဆုံးဖြစ်နေဖို့မလိုပါဘူး။ ဟာရီကိန်းနဲ့ ပေါ့ဘာဆိုရင် စပါးနဲ့ မန်ယူအသင်းအတွက် စွမ်းဆောင်မှုတွေမှာ ကိန်းက ပေါ့ဘာထက် ပိုအကျိုးပြုပေမယ့် ပေါ့ဘာရဲ့ ဂျာစီရောင်းချမှု၊ ဆိုရှယ်မီဒီယာကျော်ကြားမှုနဲ့ ဈေးကွက်ဝင်မှု တန်ဖိုးတွေက ကိန်းထက် အများကြီးပိုပါတယ်။

 

Most Read

Most Recent