စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ဆွန်ဟောင်မင်ဟာ စီရော်နယ်လ်ဒိုလို ကစားသမားဆိုပြီး ခိုင်းနှိုင်းလိုက်ပါတယ်။ လက်ရှိရာသီမှာ ဆွန်ဟောင်မင်က ဟာရီကိန်းမရှိတော့တဲ့ စပါးအထောင်တိုက်စစ်မှူးနေရာကိုအစားထိုးဝင်ကစားနေရပါတယ်။ ပိုစတီကိုဂလူးက ဆွန်ဟောင်မင်ရဲ့ ဘောလုံးဦးနှောက်နဲ့ ရွေ့လျားကစားပုံတွေဟာ အထောင်တိုက်စစ်မှူးနေရာနဲ့ လိုက်ဖက်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ပိုစတီကိုဂလူးက "စီရော်နယ်လ်ဒိုနဲ့ ဆွန်ဟောင်မင်ကို ကျွန်တော် မနှိုင်းယှဉ်ချင်ပါဘူး။ ဒါပေမဲ့ စီရော်နယ်လ်ဒိုဟာ မန်ယူကစားသမားဘဝမှာတုန်းက တောင်ပံကစားသမားအဖြစ် စတင်ခဲ့ပြီးမှ တိုက်စစ်မှူးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဆွန်နီကလည်း အဆုံးသတ်သမားကောင်းပါ။ သူ့ရဲ့ ရွေ့လျားကစားပုံတွေဟာ ထူးချွန်ပြီး အထောင်တိုက်စစ်နေရာမှာ ကစားနိုင်ပါတယ်။ ပြီးတော့ ဆွန်ဟောင်မင်ရဲ့ လုပ်အားနှုန်းကို သဘောကျပါတယ်။ သူက ပြိုင်ဘက်ကိုဖိအားပေးနိုင်တယ်။ ခံစစ်အမြင်လည်း ရှိပါတယ်"လို့ ချီးကျူးခဲ့တယ်။
■ Sonaldo နဲ့ စပါးရဲ့ ချန်ပီယံအိပ်မက်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















