မြန်မာနိုင်ငံတွင် တရားမဝင်အစားအသောက်များကို အွန်လိုင်းမှ ကြော်ငြာ၍ ရောင်းချမှုများရှိနေကြောင်း FDA ထုတ်ပြန်

မြန်မာနိုင်ငံတွင် တရားမဝင်အစားအသောက်များကို အွန်လိုင်းမှ ကြော်ငြာ၍ ရောင်းချမှုများရှိနေကြောင်း FDA ထုတ်ပြန်
Published 25 October 2023

မြန်မာနိုင်ငံတွင် တရားမဝင်အစားအသောက်များကို အွန်လိုင်းမှ အလွန်အကျွံ ကြော်ငြာ၍ ရောင်းချမှုများရှိနေကြောင်း  FDA က အောက်တိုဘာ ၂၄ ရက်တွင် ထုတ် ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တ ရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက် မပြတ် စနစ်တကျစီစဉ်ကြပ်မတ်ကွပ်ကဲလျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး၏ တရားမဝင်  online စောင့်ကြည့်အဖွဲ့ အနေဖြင့် online media များမှ အစားအ သောက်များ ကြော်ငြာရောင်းချနေမှုများကို စိစစ်ရာ တရားမဝင် အစားအသောက်များကို social media တွင် အလွန်အကျွံကြော်ငြာရောင်းချနေကြောင်း စိစစ်တွေ့ရှိရသည်ဟု ပါရှိသည်။

စိစစ်ချက်များအရ မြန်မာနိုင်ငံတွင် သွင်း ကုန်ထောက်ခံချက် ရရှိထားခြင်းမရှိသေးသော အစားအသောက်များ ရောင်းချနေခြင်း၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်အတုများ ပြုလုပ်၍ ကြော်ငြာ ရောင်းချခြင်း၊ ရောင်းချသည့် onlin page တွင် လိပ်စာအပြည့်အစုံ ဖော်ပြထားမှုမရှိခြင်း တို့အပြင် နာမည်ကြီး လူသိများ၊ ထင်ရှား ကျော်ကြားသော အတတ်ပညာရှင်၊ အသိပညာ ရှင်များ၏ ရုပ်ပုံများ၊ ဗီဒီယိုများကို အသုံးပြု၍ မိမိ၏ကုန်ပစ္စည်းအမှတ်တံဆိပ်များ ထည့် သွင်း၍ လိမ်လည်ကြော်ငြာရောင်းချခြင်း၊ ရောဂါရှာဖွေ၊ ကုသ၊ ပျောက်ကင်း၊ သက်သာ၊ ကာကွယ်စေရန်အတွက် မဟုတ်သည့် ဓာတ် စာ၊ ဖြည့်စွက်စာများကို ရောဂါကုသပျောက် ကင်းနိုင်သည်ဟူသော စာသားများဖြင့် အလွန် အကျွံကြော်ငြာခြင်းများဖြင့် Online/ Social Media များတွင် ရောင်းချနေကြောင်း တွေ့ရှိ ရပါသည်ဟု ပါရှိသည်။

ထို့ကြောင့် စားသုံးသူ ပြည်သူများအနေ ဖြင့် ယင်းအချက်များဖြင့် ကြော်ငြာရောင်းချ နေသော သွင်းကုန်ထောက်ခံချက် မှတ်ပုံတင် ထားခြင်းမရှိသော အစားအသောက်များကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန်နှင့် ဆင်ခြင်သုံးစွဲ နိုင်ပါရန်အတွက် သွင်းကုန်ထောက်ခံချက် ရရှိထားသော ကုန်ပစ္စည်းများကို http// esubmission.fda.gov.mm/search-productတွင် တိုင်ဆိုင်စစ်ဆေးကြည့်ရှုနိုင်ကြောင်း အသိ ပေးထားသည်။

ထို့ပြင် မိမိတို့ သုံးစွဲနေသည့် အစားအ သောက်များနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာတွေ့ရှိပါက အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ နေပြည် တော်သို့ ရုံးချိန်အတွင်း သတင်းပေးပို့ အ ကြောင်းကြားနိုင်သည်ဟု အသိပေးနှိုးဆော် ထားသည်။

Most Read

Most Recent