MTSH ၏ အခွန်လျာထားပြီး အသားတင် အမြတ်ငွေမှာ ယခင်နှစ်များထက် ကျော်လွန်၍ ၄၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ငွေပမာဏအားဖြင့် ကျပ် ၁၁ ဒသမ ၀၇ ဘီလျံအထိ တိုးတက်လာခဲ့ပြီး သီလဝါရှယ်ယာ တစ်စုတွင် ဝင်ငွေ ၂၈၄ ကျပ်ကျော်အထိ ဖြစ်ပေါ်လာ

MTSH ၏ အခွန်လျာထားပြီး အသားတင် အမြတ်ငွေမှာ ယခင်နှစ်များထက် ကျော်လွန်၍ ၄၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ငွေပမာဏအားဖြင့် ကျပ် ၁၁ ဒသမ ၀၇ ဘီလျံအထိ တိုးတက်လာခဲ့ပြီး သီလဝါရှယ်ယာ တစ်စုတွင် ဝင်ငွေ ၂၈၄ ကျပ်ကျော်အထိ ဖြစ်ပေါ်လာ
Published 16 December 2016
ဖြိုးဝေ

Myanmar Thilawar SEZ Holdings  Public Ltd (MTSH) ၏ ယခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ အခွန်လျာထားပြီး အသားတင်အမြတ်သည် ယခင်နှစ်များထက် ကျော်လွန်ကာ ကျပ် ၁၁ ဒသမ ၀၇ ဘီလျံအထိရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၄၂ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး သီလဝါရှယ်ယာ တစ်စုလျှင် ဝင်ငွေကျပ် ၂၈၄ ဒသမ ၂၇ အထိ ဖြစ်ပေါ်လာကြောင်း MTSH မှ ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သည့် နှစ်ဝက်ဘဏ္ဍာရေး ရှင်းတမ်းအရ သိရသည်။
ကုမ္ပဏီအုပ်စု၏ ဘဏ္ဍာရေးနှစ်ဝက် ဝင်ငွေမှာ ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် ကျပ်သန်းပေါင်း ၁၆၅၅ ကျော်သာရှိခဲ့ရာမှ ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် ကျပ်သန်းပေါင်း ၅၉၆၁ ကျော်အထိ မြင့်တက်လာခဲ့သည်။ အကြမ်းအမြတ် အနေဖြင့် ကျပ်သန်း ပေါင်း ၂၉၁၄ ကျော်ရှိကာ ယမန်နှစ်တွင် ကျပ်သန်းပေါင်း ၁၆၅၅ ကျော်ရှိသည်။
ကုမ္ပဏီအုပ်စု၏ အသုံးစရိတ် အနေဖြင့် ကျပ် ၉၇၅ သန်းကျော်ရှိပြီး ယမန်နှစ် စက်တင်ဘာတွင်မူ ကျပ် ၂၄၈ သန်းကျော်သာ ရှိခဲ့သည်။ တွဲဖက်လုပ်ငန်း၏ အမြတ်ငွေတွင်မူ ကျပ်သန်းပေါင်း ၉၃၅၀ ကျော်ရှိခဲ့ပြီး ယမန်နှစ်ကမူ ကျပ်သန်းပေါင်း ၆၇၂၂ ကျော်သာ ရှိခဲ့ကြောင်း သိရသည်။
ကုမ္ပဏီအုပ်စု၏ အခွန်မလျာထားမီ အသားတင်အမြတ်မှာ ကျပ် ၁၁ ဒသမ ၀၇ ဘီလျံအထိရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၄၂ ရာခိုင်နှုန်းအထိ တိုးတက်လာကာ ယမန်နှစ်ကမူ ကျပ်သန်းပေါင်း ၈၁၂၉ ကျော်သာ ရှိခဲ့သည်။ ကုမ္ပဏီအုပ်စု၏ ဝင်ငွေခွန်အဖြစ် ၂၀၁၆ ခုနှစ် စက်တင်ဘာအထိ ကျပ်သန်းပေါင်း ၂၂၂ ဒသမ ၈ နုတ်ပယ်ထားကာ ယမန်နှစ်ကမူ ကျပ် ၃၅၇ သန်းကျော် ရှိခဲ့သည်။
ကုမ္ပဏီအုပ်စု၏ အခွန်လျာထားပြီး အသားတင်အမြတ်မှာ ကျပ်သန်းပေါင်း ၁၁၀၆၆ ကျော်ရှိခဲ့ပြီး ယမန်နှစ် စက်တင်ဘာတွင်မူ ကျပ်သန်းပေါင်း ၇၇၇၁ ကျော်သာရှိခဲ့ကာ  ရှယ်ယာတစ်စု ဝင်ငွေတွင်လည်း ယမန်နှစ်က ၁၉၉ ဒသမ ၆၄ ကျပ်သာ ရှိခဲ့ရာမှ ယခုနှစ် တွင် ကျပ် ၂၈၄ ဒသမ ၂၇ အထိ ဖြစ်ပေါ်လာကြောင်း MTSH မှ ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သည့် နှစ်ဝက်ဘဏ္ဍာရေး ရှင်းတမ်းအရ သိရသည်။
ထို့ပြင် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ (TSMC) နှင့် ဖက်စပ်ဖွဲ့စည်းထားပြီး သီလဝါ အထူးစီးပွားရေးဇုန် Zone (A) တွင် တည်ရှိသည့် လူနေအိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ဈေးကွက်တင် ရောင်းချခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် တည်ထောင်ခဲ့သည့် Thilawar Property Development မှလည်း ယခုဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွင်း လုပ်ငန်းလည်ပတ်ခြင်းမှ အမြတ်ငွေ ကျပ် ၁ ဒသမ ၂ ဘီလျံရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ TPD တွင် TSMC က ရာခိုင်နှုန်း ၂၀ အစုရှယ်ယာ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် Myanmar - Japan Thilawar Development Ltd (MJTD) ၏ လုပ်ငန်းဆောင်ရွက်ချက်များအဖြစ် Zone (A) ဖွံ့ဖြိုးရေး လုပ်ငန်းများ တည်ဆောက်ခြင်း၊ ဈေးကွက်မြှင့်တင်ခြင်းနှင့် ရောင်းချခြင်းတို့ လုပ်ကိုင်ရန် တည်ထောင်ခဲ့ပြီး Zone (A) တွင် ဟတ်တာ ၄၀၀ ရှိကာ နိုင်ငံ ၁၇ နိုင်ငံမှ ကုမ္ပဏီ ၇၉ ခုအား ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်ခဲ့ကာ အမြတ်ငွေ ပမာဏအားဖြင့် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၃၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ငွေပမာဏအားဖြင့် ကျပ် ၆ ဒသမ ၇၂ ဘီလျံမှ ကျပ် ၉ ဒသမ ၃၅ ဘီလျံအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။                   

Most Read

Most Recent