ဒီဇင်ဘာ ၁၂ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း စံချိန်တင်ဈေးနှုန်းအဖြစ် ဆက်လက်မြင့်တက်ခဲ့ပြီး တစ်ဒေါ်လာ ၁၃၈၆ ကျပ်အထိ ရောက်ရှိခဲ့ကာ နိုဝင်ဘာ ၁၂ ရက်တွင် ဖြစ်ပေါ်ခဲ့သော တစ်ဒေါ်လာ ၁၃၀၂ ကျပ်နှင့် နှိုင်းယှဉ်ပါက တစ်လအတွင်း တစ်ဒေါ်လာ ကျပ် ၈၀ ကျော်မြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြား ငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။
ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ သုံးရက်ဆက်တိုက် မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဒီဇင်ဘာ ၈ ရက်တွင် ကျပ် ၁၃၇၀ အထိကျဆင်းခဲ့သော်လည်း ဒီဇင်ဘာ ၉ ရက်မှ စတင်ကာ ပြန်လည်မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၁၀၊ ၁၁၊ ၁၂ ရက်တို့တွင် စံချိန်တင် ဈေးနှုန်းများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပြင်ပဈေးကွက်အတွင်း ဒေါ်လာလဲနှုန်းများ ဆက်လက်မြင့်တက်ခဲ့ခြင်းကြောင့် ပို့ကုန်ရ ငွေဈေးနှုန်းသည် တစ်ဒေါ်လာ ၁၃၉၅ ကျပ် ဝန်းကျင်သို့ ရောက်ရှိလာပြီး Away (စင်ကာပူနိုင်ငံမှ အခြားနိုင်ငံများသို့ ဒေါ်လာ ငွေလွှဲဈေး) ဈေးနှုန်းသည် ဝယ်ဈေး ၁၃၉၅ ကျပ်၊ ရောင်းဈေး ၁၃၉၆ ကျပ်ဝန်းကျင်သို့ ရောက်ရှိခဲ့သည်။
ဒီဇင်ဘာ ၁၀ ရက်တွင် ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေးအညွှန်းကိန်း ၁၀၁ ဒသမ ၇၇ ပွိုင့်အထိ မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီတွင် ၁၀၁ ဒသမ ၆၀ ဝန်းကျင် အထိပြန်ကျခဲ့သော်လည်း ကမ္ဘာ့ဈေးကွက်အတွင်း ဒေါ်လာဈေး အားကောင်းနေဆဲဖြစ်သည်။ ပြည်တွင်းဈေးကွက်တွင်လည်း ကမ္ဘာ့ ဈေးကွက်၏ သက်ရောက်မှုနှင့် ပြည်တွင်း အခြေအနေများကြောင့် ဒေါ်လာ ဝယ်လိုအား များပြားနေပြီး ဒီဇင်ဘာ ၉ ရက် မှ ၁၂ ရက်အထိ လေးရက်ဆက်တိုက် ဈေးနှုန်းများ မြင့်တက်ခဲ့သည်။
တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ ဒီဇင်ဘာ ၆ ရက်တွင် ၁၃၅၉ ကျပ်၊ ဒီဇင်ဘာ ၇ ရက်တွင် ၁၃၇၆ ကျပ်၊ ဒီဇင်ဘာ ၈ ရက်တွင် ၁၃၇၆ ကျပ်၊ ဒီဇင်ဘာ ၉ ရက် တွင် ၁၃၇၄ ကျပ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ၁၃၇၇ ကျပ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် ၁၃၇၈ ကျပ်၊ ဒီဇင်ဘာ ၁၂ ရက်တွင်ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ၁၃၈၆ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၃၇၆ ကျပ်ဖြစ်ရာ တစ်ရက်အတွင်း ၁၀ ဂဏန်းမြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့သောကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ဒီဇင်ဘာ ၈ ရက်တွင် ကျပ် ၁၃၂၀ အဖြစ် ငါးကျပ်မြှင့်တင် သတ်မှတ်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်နှင့် ၁၂ ရက်တွင်လည်း ယင်းနှုန်းထားအတိုင်း ဆက်လက်သတ်မှတ်ခဲ့ကြောင်း သိရသည်။ ဗဟိုဘဏ်ရည်ညွှန်းနှုန်းကို နိုဝင်ဘာ ၃၀ ရက် မှ ဒီဇင်ဘာ ၂ ရက်အထိ တစ်ဒေါ်လာ ၁၃၀၈ ကျပ်၊ ဒီဇင်ဘာ ၅ ရက် တွင် ၁၃၀၅ ကျပ်၊ ဒီဇင် ဘာ ၆ ရက်တွင် ကျပ် ၁၃၁၀၊ ဒီဇင်ဘာ ၇ ရက် တွင် ၁၃၁၅ ကျပ်၊ ဒီဇင်ဘာ ၈ ရက်တွင် ကျပ် ၁၃၂၀ အဖြစ် သုံးရက်ဆက်တိုက် ငါးကျပ်စီတိုးမြှင့်ခဲ့ကြောင်း သိရသည်။
လက်ရှိအစိုးရ စတင်တက်ရောက်သော ဧပြီ ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၁၉၃ ကျပ် ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအစိုးရလက်ထက် အနိမ့်ဆုံးဒေါ်လာဈေးနှုန်းမှာ ၁၁၅၃ ကျပ် (ဧပြီ ၂၄ ရက်) ဖြစ်သည်။ အဆိုပါအနိမ့်ဆုံး နိုင်ငံခြားငွေလဲနှုန်းနှင့် လက်ရှိဖြစ်ပေါ်သော ဒေါ်လာဈေးနှုန်းကို နှိုင်းယှဉ်ပါက ၂၃၃ ကျပ်အထိ မြင့်တက်လာပြီး ရာခိုင်နှုန်းအား ဖြင့် ၂၀ ဒသမ ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားငွေလဲနှုန်း စံချိန်တင်ဈေးနှုန်းအဖြစ် ဆက်လက်မြင့်တက်ခဲ့ပြီး တစ်ဒေါ်လာ ၁၃၈၆ ကျပ်အထိ ရောက်ရှိလာ










