စီးပွားရေး အဆင်မပြေသဖြင့် ဇနီးနှင့် စကားများ ရန်ဖြစ်ပြီး လူတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာ ၆ ရက် ည ၉ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းရွာ ကန်ပတ်တာလမ်းတွင် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ယင်းရပ်ကွက်နေ ဦး.....(၄၉ နှစ်) ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ဦး.....(၄၉ နှစ်) မှာ နေအိမ် ဘုရားစင်ရှေ့ သစ်သားထုပ်တန်းပေါ်တွင် မော်တာကြိုးအား အသုံးပြုကာ ဆွဲကြိုးချ သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
တာဝန်ရှိသူများက သေဆုံးသူ၏ ဇနီးအား မေးမြန်းရာ သေဆုံးသူမှာ စီးပွားရေး အဆင်မပြေသဖြင့် ၎င်းနှင့် စကားများရန်ဖြစ်ခဲ့ကြောင်း၊ ယင်းနေ့ ည ၉ နာရီခန့်တွင် သေဆုံးသူ၏ ဇနီးမှာ ဈေးသွားဝယ်နေစဉ် ဦး.....(၄၉ နှစ်) မှာ ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်။
အဆိုပါဖြစ်စဉ်အား လှိုင်သာယာမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၈၃/၂၀၁၆) ဖြင့် အမှုဖွင့်ပြီး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စီးပွားရေး အဆင်မပြေသဖြင့် ဇနီးဖြစ်သူနှင့် ရန်ဖြစ်ပြီး လူတစ်ဦး ဆွဲကြိုးချသေဆုံး
Most Read
Most Recent
14 hours ago