နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား Facebook တွင် ညစ်ညမ်းစွာ ပုတ်ခတ်ရေးသားသည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသူ မစန္ဒီမြင့်အောင်အား ဖမ်းဆီး၍ ပထမအကြိမ် ရုံးထုတ် ရမန်ယူခဲ့ကြောင်း မစန္ဒီမြင့်အောင်၏ဖခင် ဦးမြင့်အောင်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ရိုင်းစိုင်းစွာ ပြောဆိုသည်ဟုဆိုကာ ပဲခူးမြို့တွင် နေထိုင်သည့် မလင်းလဲ့လဲ့လှိုင်က မစန္ဒီမြင့်အောင်အား ပဲခူးမြို့အမှတ် (၂) ရဲစခန်းတွင် အောက်တိုဘာ ၂၈ ရက်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားခဲ့ခြင်း ဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက် ညနေ ၆ နာရီခန့်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မစန္ဒီမြင့်အောင်အား နိုဝင်ဘာ ၃၀ ရက်တွင် ရုံးထုတ် ရမန်ယူခဲ့ပြီး ဒီဇင်ဘာ ၇ ရက်သို့ ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရသည်။
“ဒီပုဒ်မဟာ ဒီမိုကရေစီသွားနေတဲ့ လမ်းကြောင်းမှာ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ ဒီမိုကရေစီဆိုတာ ပွတ်တိုက်မှုတွေ ရှိနေမှာပဲ။ မကြိုက်တာကို မကြိုက်ဘူး ပြောပိုင်ခွင့် ရှိရမယ်။ ဒီပုဒ်မကြီးက မျက်စိပိတ် နားပိတ် လုပ်ထားပြီး ဘာမှ မပြောရဲအောင် ပိတ်ထားသလို ဖြစ်နေတယ်။ ဘာမှမသိတဲ့ကလေးတွေ Facebook ပေါ်မှာ ရေးတိုင်း အဖမ်းခံရမယ်ဆို အကုန်ဒုက္ခရောက်ကုန်မယ်။ ဒါကြောင့် ၆၆ (ဃ) ကို ဖျက်သင့်တယ်လို့ ထင်တယ်။ ဒါမှဟုတ် အခြားပုဒ်မတွေနဲ့ အစားထိုးသင့်တယ်လို့ ထင်ပါတယ်”ဟု ဦးမြင့်အောင်က ပြောကြားသည်။
ပဲခူးမြို့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားမှု သုံးမှု ရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား Facebook တွင် ညစ်ညမ်းစွာ ပုတ်ခတ်ရေးသားသည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသူ မစန္ဒီမြင့်အောင်အား ဖမ်းဆီး၍ ရုံးထုတ်ရမန်ယူ