ရှယ်ယာအရောင်းအဝယ် မြင့်တက်စေရန် သီလဝါရှယ်ယာတစ်စုကို ၁၀ စုအဖြစ် ခွဲစိတ်ခဲ့သော်လည်း ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ကိုးလမြောက်တွင် နိုဝင်ဘာလသည် အစုရှယ်ယာ အရောင်းအဝယ်ဖြစ်မှု ကျပ် ၂ ဒသမ ၂ ဘီလျံသာ ဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်ကျဆင်းမှု အဆိုးဆုံးအခြေအနေ ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်သည့် နေ့စဉ် ရှယ်ယာအရောင်းအဝယ် ဖြစ်မှုနှင့် လအလိုက် အရောင်းအဝယ် ဖြစ်သည့် အစုရှယ်ယာဈေးကွက် အခြေအနေအရ နိုဝင်ဘာ ၃၀ ရက်တွင် သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် သီလဝါရှယ်ယာများကို ရှယ်ယာခွဲစိတ်မှုကြောင့် လူစိတ်ဝင်စားမှု များလာပြီး ဈေးနှုန်းပြန်လည် မြင့်တက်လာသဖြင့် အောက်တိုဘာလတွင် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ပြန်လည်မြင့်တက်လာခဲ့ပြီး ကျပ်လေးဘီလျံကျော်ဖိုးအထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါအရောင်းအဝယ်ဖြစ်မှုမှာ ယာယီသာဖြစ်ခဲ့ပြီး နိုဝင်ဘာလအတွင်း ချက်ချင်းပြန်လည် ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်း (YSX)တွင် သြဂုတ် ၂၆ ရက်မှစ၍ မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာပြီး ကုမ္ပဏီသုံးခု ဖြစ်ခဲ့ကာ စက်တင်ဘာလတွင် တစ်လလုံးအနေနှင့် ကုမ္ပဏီသုံးခုက အရောင်းအဝယ် ပြုလုပ်ခဲ့သော်လည်း YSX စတင်ချိန်မှ ခုနစ်လအတွင်း ကျပ် ၂ ဒသမ ၄ ဘီလျံခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကာ ခုနစ်လအတွင်း အနည်းဆုံး အရောင်းအဝယ်ကျဆင်းမှုအဖြစ် အဆိုးဆုံး စံချိန်တင်ခဲ့သည်။
ထိုသို့ စံချိန်တင် ကျဆင်းနေရာမှ အောက်တိုဘာတွင် ပြန်လည် မြင့်တက်လာခဲ့သော်လည်း နိုဝင်ဘာတွင်မူ ကျပ် ၂ ဒသမ ၂ ဘီလျံခန့်သာ အရောင်းအဝယ်ဖြစ်လာသည့်အထိ ဆိုးရွားလာခဲ့ခြင်းဖြစ်ပြီးစတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ကိုးလအတွင်း ရှယ်ယာအရောင်းအဝယ်ဖြစ်မှု အနည်းဆုံးအဖြစ် စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။ FMI ရှယ်ယာသည် နိုဝင်ဘာ ၃၀ ရက်က ရှယ်ယာတစ်စုကျပ် ၁၆၅၀၀ အထိ ဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာလအတွင်း FMI ရှယ်ယာ၏ အနိမ့်ဆုံးဈေးနှုန်းမှာ နိုဝင်ဘာ ၂၅ ရက် အဖွင့်ဈေးတွင် ဖြစ်ခဲ့သည့် ရှယ်ယာတစ်စု ကျပ် ၁၅၅၀၀ ဖြစ်ကာ အမြင့်ဆုံးဈေးနှုန်းမှာ ရှယ်ယာတစ်စု ကျပ် ၁၆၅၀၀ ဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းရှိ ရှယ်ယာများအနက် စိတ်ဝင်စားမှုအနည်းဆုံး မြန်မာနိုင်ငံသားများဘဏ်၏ MCB ရှယ်ယာသည် နိုဝင်ဘာလအတွင်း တစ်နေ့တာ အရောင်းအဝယ်ဖြစ်မှု သုညအထိ ကျဆင်းခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်တွင်မူ ရှယ်ယာတစ်စု ကျပ် ၉၈၀၀ ဖြစ်ပေါ်ခဲ့သည်။ MCB ရှယ်ယာ၏ နိုဝင်ဘာလအတွင်း အနိမ့်ဆုံးဈေးနှုန်းမှာ ကျပ် ၈၉၀၀ ဖြစ်ပြီး အမြင့်ဆုံးဈေးနှုန်းမှာ ကျပ် ၉၈၀၀ ဖြစ်ကာ နိုဝင်ဘာတစ်လတာ MCB ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ ထောင်ဂဏန်းမျှသာ ရှိခဲ့သည်။
သီလဝါရှယ်ယာသည် အောက်တိုဘာ ၃၁ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၅၁၀၀၀ အထိ ရှိနေပြီး ရှယ်ယာ ၁၀ စုအဖြစ် ခွဲစိတ်အပြီး ပြန်လည်ရောင်းချသည့် နိုဝင်ဘာ ၄ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၅၃၀၀ သို့ မြင့်တက်ခဲ့သည်။ အဆိုပါ ဈေးနှုန်းမှာ နိုဝင်ဘာလအတွင်း သီလဝါရှယ်ယာ၏ အမြင့်ဆုံးဈေးနှုန်းသာ ဖြစ်ခဲ့ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ နိုဝင်ဘာ ၂၃ ရက်မှ စတင်ဖြစ်ပေါ်ခဲ့သည့် ရှယ်ယာတစ်စု ကျပ် ၄၆၀၀ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် လစဉ် ရှယ်ယာအရောင်းအဝယ် ဖြစ်ပေါ်နေမှုမှာ မတ်လတွင် ကျပ် ၂၄ ဘီလျံကျော်၊ ဧပြီတွင် FMI ကုမ္ပဏီတစ်ခုတည်းမှ ကျပ်ငါးဘီလျံကျော်၊ မေ ၂၀ ရက်တွင် သီလဝါရှယ်ယာ စတင်ရောင်းချခဲ့ပြီး ကုမ္ပဏီနှစ်ခု ဖြစ်လာခဲ့၍ ကျပ် ၁၆ ဘီလျံကျော်၊ ဇွန်လတွင် ကျပ် ခြောက်ဘီလျံကျော်၊ ဇူလိုင်တွင် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်နှင့် သြဂုတ်၂၆ ရက်တွင် မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာသော်လည်း ကုမ္ပဏီသုံးခုမှ ကျပ် ၂ ဒသမ ၉ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာတွင်လည်း ကျပ် ၂ ဒသမ ၄ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်ကာ အနည်းဆုံး အရောင်းအဝယ်ဖြစ်မှုအဖြစ် စံချိန်တင်ခဲ့သည်။ ထိုသို့ စံချိန်တင် ကျဆင်းနေရာမှ အောက်တိုဘာတွင် သီလဝါရှယ်ယာများကို ရှယ်ယာခွဲစိတ်မှုကြောင့် လူစိတ်ဝင်စားမှု များပြားလာပြီး ဈေးနှုန်းပြန်လည် မြင့်တက်လာသဖြင့် အောက်တိုဘာတွင် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ပြန်လည်မြင့်တက်လာခဲ့ပြီး ကျပ်လေးဘီလျံကျော်ဖိုးအထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ အရောင်းအဝယ်မြင့်တက်မှုမှာ တစ်လသာ ကြာခဲ့ပြီး နိုဝင်ဘာတွင်မူ အရောင်းအဝယ်ဖြစ်မှု ကျပ် ၂ ဒသမ ၂ ဘီလျံခန့်ဖြင့် စတော့အိတ်ချိန်း ဖွင့်လှစ်သည့် ကိုးလအတွင်း နိုဝင်ဘာလသည် အရောင်းအဝယကျဆင်းမှု အဆိုးဆုံးဖြစ်ခဲ့ရကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ လအလိုက် ထုတ်ပြန်သည့် အရောင်းအဝယ်ဖြစ်မှု အခြေအနေများအရ သိရသည်။
သီလဝါရှယ်ယာ တစ်စုကို ၁၀ စုအဖြစ် ခွဲစိတ်ခဲ့သော်လည်း နိုဝင်ဘာတွင် ရန်ကုန်စတော့အိတ်ချိန်းမှ ကုမ္ပဏီသုံးခု၏ အရောင်းအဝယ်ဖြစ်မှု ကျပ် ၂ ဒသမ ၂ ဘီလျံခန့်သာရှိပြီး စတော့အိတ်ချိန်း စတင်သည့် ကိုးလအတွင်း အရောင်းအဝယ်ကျဆင်းမှု အဆိုးဆုံးဖြစ်ပေါ်










