တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် တောင်ကိုရီးယားတွင် တိတ်ဆိတ်ငြိမ်သက်ခဲ့

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် တောင်ကိုရီးယားတွင် တိတ်ဆိတ်ငြိမ်သက်ခဲ့
Published 17 November 2016
Ref: AFP

ပြိုင်ဆိုင်မှု အလွန်မြင့်မားသော တောင်ကိုရီးယားတွင် အနာဂတ်အား အဆုံးအဖြတ် ပေးနိုင်သည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို နိုဝင်ဘာ ၁၇ ရက်တွင် ကျောင်းသား ၆၀၀၀၀၀ ကျော်က ဝင်ရောက်ဖြေဆိုနေချိန် ၌ တောင်ကိုရီးယားက ကုန်တင်ယာဉ်ကြီးများ သွားလာမှုနှင့် လေကြောင်းပျံသန်းမှုအားလုံးကို ဆိုင်းငံ့ထားခဲ့သည်။
 
ရုံးလုပ်ငန်းများကို ဖွင့်ချိန်နောက်သို့ ရွှေ့ဆိုင်းခဲ့ပြီး စာမေးပွဲခန်းသို့ နောက်ကျ ရောက်ရှိမှုအား မဖြစ်စေရန် လမ်းများကိုလည်း ရှင်းလင်းထားခဲ့သည်။ နှစ်ပေါင်းများစွာ ပြင်ဆင်ရပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် အောင်မြင်မှုသည် ထိပ်တန်းကောလိပ်များ၌ ဝင်ခွင့်ရရန် လမ်းပွင့်သွားစေပြီး အနာဂတ် အလုပ်အကိုင်အတွက် ထိပ်တန်းကောလိပ်များ ဝင်ရောက်ခွင့်ရမှုက အဓိကကျသည်ဟု သတ်မှတ်ခံရသည်။
 
ကျောင်းသား ၆၀၆၀၀၀ အတွက် လမ်းရှင်းရန် အစိုးရရုံးများ၊ အဓိကစီးပွားရေးလုပ်ငန်းများကို ပုံမှန်ထက်နောက်ကျ၍ ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် ဘာသာစကား အကြားစွမ်းရည် စစ်ဆေးမှု ဖြေဆိုချိန်၌ လေယာဉ်များ ဆင်းသက်ထွက်ခွာမှုကို မိနစ် ၃၀ ရပ်ဆိုင်းထားရန် သယ်ယူပို့ဆောင်ရေး အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ဒေသစံတော်ချိန် ၉ နာရီ၌ နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာန ၁၁၈၃ နေရာတွင် စာမေးပွဲ စတင်ခဲ့ပြီး ညနေ ၅ နာရီခွဲတွင် စာမေးပွဲ ပြီးဆုံးခဲ့သည်။