စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကံသာဦးရပ်ကွက်(ခ)အင်းရွာသစ်ရပ်ကွက်တွင် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်အစောပိုင်း အချိန်တွင် နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်အတွင်း မှ ကျပ်သိန်း ၂၀ နီးပါးဖိုးရှိ မူးယစ်ဆေးဝါးများကို အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းအချိန်တွင် ထပ်မံရှာဖွေတွေရှိခဲ့ကြောင်း မုံရွာမြို့ နယ်မြေရဲစခန်းမှ သတင်းရရှိသည်။အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်က ဓားဖြင့်ခုတ်ခံရပြီး သေဆုံးသွားသည့် လင်မယားနှစ်ဦးမှာ အသက် ၃၆ နှစ်အရွယ်ရှိ ဦးမောင်ချို ကနီမြို့နယ် ချိုင်ရွာနေသူနှင့် အသက် ၃၇ နှစ်အရွယ်ရှိ မထားထားနွယ်(ခ)မမော်မော် တောင်ငူမြို့ မင်းကြီးညိုရပ်ကွက် နေသူတို့ ဖြစ်ကြောင်းလည်း သိရသည်။ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈၄ ပြား အလေးချိန်(၁၈.၄) ဂရမ် တန်ဘိုး (၉၂၀,၀၀ဝိ-/) ကျပ်၊ Loves Is Flower စာတမ်းပါ ဆပ်ပြာခွက်အတွင်းမှ ဘိန်းဖြူဟု ယူဆရသည့် အဖြူရောင်အမှုန့် ပလပ်စတစ်အိတ်ဖြင့်ထည့်လျှက် (၁၀)ဂရမ်ခန့် တန်ဘိုး(၁၀)သိန်းကျပ်၊ မူးယစ်ဆေး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် မူးယစ်ဆေးဝါးရောင်းချရာမှ ရရှိထားသည်ဟု ယူဆရသည့် ငွေစက္ကူ (၁၄၅,၀၀ဝိ-/) ခန့် ကိုရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။သေဆုံးခဲ့သူ မောင်ချိုနှင့် မထားထားနွယ်(ခ)မမော်မော် တို့၏ နှစ်ဖက်မိဘ ဆွေမျိုးများ ရောက်ရှိလာသဖြင့် ကျန်ရှိပစ္စည်းများ အပ်နှံလွှဲပြောင်းပေးရန်နှင့် မှုခင်းပိုင်းဆိုင်ရာ သက်သေအထောက်အထားများ အသေးစိပ် ထပ်မံရရှိရန် အတွက် ရှာဖွေမှုဆောင်ရွက်ခဲ့စဉ် ယခုကဲ့သို့ မူးယစ်ဆေးဝါးများ ထပ်မံရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။မှုခင်းဖြစ်ပွားခဲ့သည့် နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခဲ့မှုနှင့် ပတ်သက်ပြီး သေဆုံးသွားခဲ့သည့် မောင်ချိုနှင့် မထားထားနွယ်(ခ)မမော်မော်တို့ လင်မယား နှစ်ဦးအား မုံရွာမြို့နယ်မြေရဲစခန်းမှ မယ(ပ)၁၈/၂၀၁၆ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ တို့အရ အမှုဖွင့်ပြီး တရားလိုနှင့် အမှုစစ်အဖြစ် နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ရဲအောင်မှ ဆောင်ရွက်ပြီး စစ်ဆေးနေလျှက်ရှိကြောင်းလည်း သတင်းရရှိသည်။
မုံရွာမြို့ ကန်သာဦးရပ်ကွက်ရှိ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ခဲ့သည့် နေအိမ်အတွင်းမှ ကျပ်သိန်းနှစ်ဆယ်ဖိုးခန့်ရှိ မူးယစ်ဆေးဝါးများ ထပ်မံရှာဖွေတွေ့ရှိ