၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇွန်လမှ သြဂုတ်လကုန်အထိ စစ်ကိုင်းနှင့် ကချင်တွင် တရားမဝင် သစ်ခိုးထုတ်မှု အများဆုံး ဖမ်းဆီးရမိ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇွန်လမှ သြဂုတ်လကုန်အထိ စစ်ကိုင်းနှင့် ကချင်တွင် တရားမဝင် သစ်ခိုးထုတ်မှု အများဆုံး ဖမ်းဆီးရမိ
Published 26 September 2016
အောင်ရဲကို

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇွန်လမှ သြဂုတ်လကုန်အထိ စစ်ကိုင်းနှင့် ကချင်တွင် တရားမဝင် သစ်ခိုးထုတ်မှု အများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်သော စာရင်းများအရ သိရသည်။တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သုံးလအတွင်း တရားမဝင် သစ်ခိုးထုတ်မှုများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ကျွန်း၊ သစ်မာနှင့် အခြားသစ်များကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။မွန်၊ ကရင်၊ ကယား၊ ချင်း၊ ရန်ကုန်နှင့် ရခိုင်တို့တွင် ဖမ်းဆီးရမိမှု စာရင်းအရ တစ်လလျှင် တန်ချိန် ဆယ်ဂဏန်းမျှသာ ရှိသော်လည်း အခြားတိုင်းနှင့် ပြည်နယ်များတွင် တန်ချိန် ရာနှင့်ချီ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။သုံးလအတွင်း သစ်တန်ချိန် စုစုပေါင်း ၈၀၀၀ ခန့် ဖမ်းဆီးရမိခဲ့ပြီး ကချင်ပြည်နယ်တွင် တန်ချိန် ၁၀၀၀ ကျော်နှင့် ၁၆၀၀ ကျော် ရရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိခဲ့သည့် သစ်များတွင် ကျွန်းနှင့် သစ်မာအများဆုံး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ထို့ပြင် အစိုးရသစ် လက်ထက်အတွင်း သစ်ခိုးထုတ်မှုများ ဖမ်းဆီးရန် တာဝန်ပေါ့ လျော့မှုကြောင့် သစ်တောဝန်ထမ်း ၂၈ ဦးကို အရေးယူခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇောက ပြောကြားထားသည်။