အနိမ့်ဆုံးဈေးသို့ ထိုးကျနေသည့် FMI ရှယ်ယာ တစ်စုလျှင် ကျပ် ၁၈၀၀၀ အထိ ဆိုးရွားစွာ ကျဆင်းလာပြီး စက်တင်ဘာ ၁၉ ရက်အထိ YSX ရှိ စာရင်းဝင် ကုမ္ပဏီသုံးခုစလုံး အရောင်းအဝယ် နည်းပါးနေကာ ကျပ်တစ်ဘီလျံကျော်သာရှိ

အနိမ့်ဆုံးဈေးသို့ ထိုးကျနေသည့် FMI ရှယ်ယာ တစ်စုလျှင် ကျပ် ၁၈၀၀၀ အထိ ဆိုးရွားစွာ ကျဆင်းလာပြီး စက်တင်ဘာ ၁၉ ရက်အထိ YSX ရှိ စာရင်းဝင် ကုမ္ပဏီသုံးခုစလုံး အရောင်းအဝယ် နည်းပါးနေကာ ကျပ်တစ်ဘီလျံကျော်သာရှိ
Published 19 September 2016
ဖြိုးဝေ

ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် FMI ရှယ်ယာ အနိမ့်ဆုံးကျဆင်းခဲ့သည့် ဈေးနှုန်းဖြစ်သည့် ရှယ်ယာတစ်စု ကျပ် ၁၉၀၀၀ သို့ ဈေးနှုန်းကျဆင်းအပြီး  စက် တင်ဘာ ၁၂ ရက်မှစကာ ရှယ်ယာတစ်စု ကျပ် ၁၈၅၀၀ အထိ ကျဆင်းလာသည့်အပြင်  စက်တင်ဘာ ၁၉ ရက်တွင်လည်း ဈေးနှုန်းကျဆင်းမှုထပ်မံ ဖြစ်ပေါ်ခဲ့ကာ ရှယ်ယာတစ်စု ကျပ် ၁၈၀၀၀ အထိ ဈေးနှုန်းကျဆင်းမှု ဆိုးဆိုးရွားရွား ဖြစ် လာနေကြောင်းနှင့် YSX တွင် စာရင်းဝင်ထားသည့် ကုမ္ပဏီသုံးခု၏ အရောင်းအဝယ် ဖြစ်ပေါ်မှုမှာလည်း ကျပ် ၁ ဒသမ ၂ ဘီလျံ ကျော်သာရှိနေကြောင်း YSX မှ နေ့စဉ်ထုတ်ပြန်သည့် အရောင်းအဝယ် ဖြစ်ပေါ်မှုဆိုင်ရာ အချက်အလက်များအရ စက်တင်ဘာ ၁၉ ရက်တွင် သိရသည်။
ထို့ပြင် ကျပ် ၁၃၅၀၀ အထိ ရောက်ရှိခဲ့ ပြီး စက်တင်ဘာ ၁၅ ရက်တွင် အဖွင့်ဈေးအောက် ကျပ် ၇၆၀၀ သို့ ပထမဆုံး ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသားများဘဏ် (MCB) ရှယ်ယာမှာလည်း လက်ရှိတွင် အဖွင့်ဈေးဖြစ် သည့် ရှယ်ယာတစ်စု ကျပ် ၇၈၀၀ သို့ ရောက် ရှိနေပြီး အရောင်းအဝယ် နည်းပါးနေကြောင်း သိရသည်။
FMI ရှယ်ယာသည် ရန်ကုန်စတော့ အိတ်ချိန်းသို့ မဝင်ရောက်မီတစ်နှစ်အလိုက ရှယ်ယာတစ်စုကျပ် ၁၅၀၀၀ ခန့်သာ ရှိခဲ့ရာ မှာ ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်ရန် စာရင်းသွင်းခံရပြီးနောက် ရှယ်ယာတစ်စု ကျပ် ၃၅၀၀၀ အထိ ပြင်ပဈေးကွက်တွင် မြင့် တက်ခဲ့ဖူးကာ ရန်ကုန်စတော့အိတ်ချိန်းတွင်မူ ရှယ်ယာတစ်စု ကျပ် ၄၁၀၀၀ အထိ အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ရာမှ လက်ရှိတွင် ကျပ် ၁၈၀၀၀ အထိ ဆက်တိုက် ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။
FMI ရှယ်ယာသည် စက်တင်ဘာ ၁၅ ရက်တွင် FMI ရှယ်ယာတစ်စု ကျပ် ၁၈၅၀၀၊ MCB ရှယ်ယာတစ်စု ကျပ် ၇၆၀၀၊ သီလဝါ ရှယ်ယာတစ်စု ကျပ် ၄၂၀၀၀ ဖြစ်ကာ အစု ရှယ်ယာပေါင်း ၅၇၉၁  စုမှ ကျပ်သိန်း ၉၉၀ ကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာ ၁၆ ရက်တွင် FMI ရှယ်ယာ တစ်စုလျှင် ကျပ် ၁၈၅၀၀၊ MCB ရှယ်ယာတစ်စု ကျပ် ၈၅၀၀၊ သီလဝါရှယ်ယာတစ်စု ကျပ် ၄၁၀၀၀ ဖြစ်ကာ အစုရှယ်ယာပေါင်း ၃၈၀၉  စုမှ ကျပ် ၆၂၈  သိန်းကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာ ၁၉ ရက်တွင်မူ MCB ရှယ်ယာ တစ်စုလျှင် ကျပ် ၁၈၀၀၀၊ MCB ရှယ်ယာတစ်စု ကျပ် ၇၈၀၀၊ သီလဝါရှယ်ယာတစ်စု ကျပ် ၄၃၀၀၀ ဖြစ်ကာ အစုရှယ်ယာပေါင်း ၆၇၇၈  စုမှ ကျပ်သိန်း ၁၃၀၀ ကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။
ဆွဲတင်ထားသည့် ဈေးနှုန်းများကြောင့် ယခင် FMI နှင့် သီလဝါရှယ်ယာ ဝယ်ယူထားသူများ အထိနာခဲ့သဖြင့် ရန်ကုန်စတော့ အိတ်ချိန်းတွင် အရောင်းအဝယ် ဖြစ်ပေါ်နေမှုမှာလည်း လစဉ်ကျဆင်းနေပြီး မတ်လတွင် ကျပ် ၂၄ ဘီလျံကျော်၊ ဧပြီတွင် FMI ကုမ္ပဏီ တစ်ခုတည်းမှ ငါးဘီလျံကျော်၊ မေတွင် ၁၆ ဘီလျံကျော်၊ ဇွန်တွင် ခြောက်ဘီလျံကျော်၊ ဇူလိုင် တွင် ၃ ဒသမ ၇ ဘီလျံကျော်နှင့် သြဂုတ်တွင် ၂ ဒသမ ၉ ဘီလျံသာရှိနေပြီး လက်ရှိစက်တင် ဘာလတွင်လည်း နေ့စဉ် ကျပ်သိန်း ၁၀၀၀ ဝန်းကျင်၌သာ အရောင်းအဝယ် ဖြစ်ပေါ်နေသည့်အပြင် ကုမ္ပဏီသုံးခုမှ တစ်လလုံးရောင်း ချရသည့် ပမာဏမှာလည်း လက်ရှိအချိန်အ ထိ ၁ ဒသမ ၂ ဘီလျံကျော်သာ ရှိနေသဖြင့် အရောင်းအဝယ် ဖြစ်ပေါ်မှု ဆိုးဆိုးရွားရွား ကျဆင်းနေသည့်အပြင် လက်ရှိတွင်လည်း အနည်းဆုံး အရောင်းအဝယ်ဖြစ်ပေါ်မည့် အခြေအနေတွင် ရှိနေသည်။               

Most Read

Most Recent