မောင်တော-ဘူးသီးတောင် ကားလမ်းနံဘေး အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းဝင်းအတွင်း သဲတင်ကား တစ်စီးပေါ်မှ ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ခြောက်သိန်းရှစ်သောင်းကျော် ဖမ်းဆီးရမိ

မောင်တော-ဘူးသီးတောင် ကားလမ်းနံဘေး အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းဝင်းအတွင်း သဲတင်ကား တစ်စီးပေါ်မှ ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ခြောက်သိန်းရှစ်သောင်းကျော် ဖမ်းဆီးရမိ
စိတ်ကြဆေးပြားများနှင့်အတူ ဖမ်းဆီးထားသူများကို တွေ့ရစဉ်
စိတ်ကြဆေးပြားများနှင့်အတူ ဖမ်းဆီးထားသူများကို တွေ့ရစဉ်
Published 17 September 2016
သားရွှေဦး (ကစ္ဆပ)

မောင်တော-ဘူးသီးတောင် ကားလမ်းနံဘေး အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေး လုပ်ငန်းဝင်းအတွင်း သဲတင်ကားတစ်စီးပေါ်မှ ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ခြောက်သိန်းရှစ်သောင်းကျော်ကို စက်တင်ဘာ ၁၇ ရက် နံနက်က ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားပေါင်းမှာ ၆၈၂၅၀၀ (ခြောက်သိန်းရှစ်သောင်း နှစ်ထောင့်ငါးရာ) ပြားဖြစ်ပြီး ကာလပေါက်ဈေး ဆေးပြား တစ်ပြားလျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် စုစုပေါင်း တန်ဖိုး ကျပ် ၁၃၆၅၀၀၀၀၀၀ (တစ်သောင်းသုံးထောင်ခြောက်ရာ ငါးဆယ်သိန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး သတင်းအရ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဉာဏ်ဝင်းဦး ကြီးကြပ်၍ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မူးယစ်စု (၄၆)၊ အမှတ် (၃) နယ်ခြားစောင့်ရဲ သုံးမိုင်ရဲကင်းမှ ရဲတပ်ဖွဲ့၊ ခမရ (၅၆၄) ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခွဲခန့်က မောင်တောမြို့ သုံးမိုင်ရပ်ကွက် မောင်တော-ဘူးသီးတောင် ကားလမ်းနံဘေး ညီချစ်မြို့ အရှေ့ရပ်ကွက်ပိုင် အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးလုပ်ငန်း ကျောက်ခွဲစက်ဝင်းအတွင်း ဝင်ရောက်ရှာဖွေရာ SKAT အမျိုးအစား ယာဉ်အမှတ် TNL 4K-3029 အပြာရောင် ယာဉ်ပေါ်တွင် သဲများ တင်ထားသည်ကို တွေ့ရပြီး သဲများအား ဟိုက်ဒရောလစ်ဖြင့် သွန်မှောက်စစ်ဆေးရာ သဲများအတွင်းမှ အဝါရောင် ပီနန်အိတ် သုံးအိတ် တွေ့ရှိခဲ့ကြောင်း သိရသည်။အဆိုပါ ပီနန်အိတ် သုံးအိတ်ကို ပူးပေါင်း အဖွဲ့က သက်သေများရှေ့ ဖွင့်ဖောက်စစ်ဆေးရာ အထုပ်တစ်ထုပ်လျှင် အပြာရောင်ကပ်ခွာ အိတ်တစ်အိတ်အတွင်း WY/R ရောရာ ပန်းရောင်စိတ်ကြွဆေးပြား ၆၈၂၅၀၀ (ခြောက် သိန်းရှစ်သောင်းနှစ်ထောင့်ငါးရာ) ပြား ကာလပေါက်ဈေး ဆေးပြား တစ်ပြားလျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် စုစုပေါင်း တန်ဖိုး ကျပ် ၁၃၆၅၀၀၀၀၀၀ (တစ်သောင်းသုံးထောင်ခြောက်ရာငါးဆယ်သိန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လေးမိုင်သစ်တောရွာနေ ယာဉ်မောင်း မိုးဇော်ဦး (၂၈ နှစ်)နှင့် လေးမိုင် မူဆလင်ရွာနေ ကျောက်ခွဲစက်လုပ်ငန်းစာရေး ရှောင်ရှုဇူဟာရ် (၃၂ နှစ်) တို့အား ဖမ်းဆီး အရေးယူထားကြောင်း၊ ပိုင်ရှင်ဖြစ်သူ ညီချစ်မြို့မ အရှေ့ရပ်ကွက်နေသူသည် ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။