ရွှေပြည်သာမြို့နယ်တွင် ဒုရဲအုပ်တစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွား

ရွှေပြည်သာမြို့နယ်တွင် ဒုရဲအုပ်တစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွား
Published 8 September 2016

ရွှေပြည်သာမြို့နယ်တွင် ဒုရဲအုပ်တစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၈ ရက်တွင် သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်း သိရှိရသည်။စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီခန့်တွင် ရွှေပြည်သာမြို့နယ် ၁၄ ရပ်ကွက် အောင်စေတနာလမ်းရှိ နေအိမ်တစ်အိမ်တွင် လူတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အမှတ် (၆) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်တစ်ဦးဖြစ်ကြောင်း သိရသည်။အဆိုပါ ဒုရဲအုပ်မှာ နေအိမ်ရှေ့အမြင့် ခုနစ်ပေခန့်ရှိ ဗန်ဒါသစ်ကိုင်းမှ အရှည်နှစ်ပေခွဲခန့်ရှိ ပိတ်စကြိုးဖြင့် ဒူးကွေးလျက် သေဆုံးနေသည်ကို တွေ့ခဲ့ကြောင်း လှော်ကားနယ်မြေ ရဲစခန်းမှ စုံစမ်းသိရှိရသည်။ထို့နောက် ဆက်လက် စစ်ဆေးရာ ယင်း ဒုရဲအုပ်မှာ အစာအိမ်ရောဂါ ဖြစ်ပွားသဖြင့် ဆေးနားခွင့် တစ်လ ရရှိ၍ ၎င်း၏ ဖခင်ဖြစ်သူ နေထိုင်သည့် နေအိမ်တွင် လာရောက်နေထိုင်စဉ် ဆွဲကြိုးချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်အား လှော်ကားနယ်မြေ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁၆/၂၀၁၆)ဖြင့် အမှုဖွင့်ထားသည်။