နိုင်ငံခြားငွေလဲနှုန်း သုံးရက်အတွင်း တစ်ဒေါ်လာ ၁၂၂၀-၁၂၂၃ ကျပ်ဝန်းကျင်ဖြင့် အမြင့်ဈေး၌ ငြိမ်သက်နေ

နိုင်ငံခြားငွေလဲနှုန်း သုံးရက်အတွင်း တစ်ဒေါ်လာ ၁၂၂၀-၁၂၂၃ ကျပ်ဝန်းကျင်ဖြင့် အမြင့်ဈေး၌ ငြိမ်သက်နေ
Published 8 September 2016
စည်သူအောင်

ပြည်တွင်းဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်းသည် သုံးရက်အတွင်း တစ်ဒေါ်လာ ၁၂၂၀-၁၂၂၃ ကျပ် ဝန်းကျင်ဖြင့် အမြင့်ဈေး၌ ငြိမ်သက်နေကြောင်း ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်နေသူများထံမှ သိရသည်။စက်တင်ဘာ ၅ ရက်တွင် ငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၁၅-၁၂၁၇ ကျပ်ဝန်းကျင် ရှိနေရာမှ စက်တင်ဘာ ၆ ရက်တွင် ကျပ် ၁၂၂၀ အထိ မြင့်တက်လာခြင်း ဖြစ်သည်။ စက်တင်ဘာ ၆ ရက်တွင် တစ်ဒေါ်လာ ၁၂၂၂ ကျပ်အထိ မြင့်တက်လာခဲ့ပြီး စက်တင်ဘာ ၇ ရက်တွင် တစ်ဒေါ်လာ ၁၂၂၃ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၈ ရက်အထိ ကျပ် ၁၂၂၀ အောက် မဆင်းဘဲ ၁၂၂၂ ကျပ်ဖြင့် အမြင့်ဈေးတွင် တည်ရှိနေခြင်း ဖြစ်သည်။ပြည်တွင်းငွေလဲနှုန်း ပြင်ပပေါက်ဈေးသည် သြဂုတ် ၁ ရက်တွင် တစ်ဒေါ်လာ ၁၁၈၅ ကျပ်ဝန်းကျင် ရှိပြီး သြဂုတ် ၂၀ ရက် တွင် တစ်ဒေါ်လာ ကျပ် ၁၂၀၀ အထိ မြင့်တက်လာခဲ့သည်။ သြဂုတ် ၂၄ ရက်တွင် လက်ရှိအစိုးရ သက်တမ်းအတွင်း အမြင့်ဆုံးငွေလဲနှုန်းအဖြစ် တစ်ဒေါ်လာ ၁၂၃၀- ၁၂၃၁ ကျပ်အထိ စံချိန်တင် မြင့်တက်လာခဲ့ကြောင်း သိရသည်။ထို့နောက် တဖြည်းဖြည်း ပြန်ကျလာရာ စက်တင်ဘာ ၁ ရက်အထိ တစ်ဒေါ်လာ ၁၂၁၅ ကျပ် ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့သည်။ စက်တင်ဘာ ၂ ရက်အထိ ၁၂၁၃- ၁၂၁၄ ကျပ်ဖြင့် ဈေးနှုန်း ငြိမ်သက်နေရာမှ စက်တင်ဘာ ၃ ရက်တွင် ၁၂၁၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၆၊ ၇၊ ၈ ရက်များတွင် တစ်ဒေါ်လာ ၁၂၂၀-၁၂၂၃ ကျပ်အထိ ဆက်လက် မြင့်တက်လာခြင်းဖြစ်သည်။ပြင်ပနိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုကြောင့် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကိုလည်း စက်တင်ဘာ ၅ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၁၀၊ စက်တင်ဘာ ၆ ရက်တွင် ၁၂၁၁ ကျပ်၊ စက်တင်ဘာ ၇ ရက်တွင် ၁၂၁၄ ကျပ်၊ စက်တင်ဘာ ၈ ရက် တွင် ၁၂၁၅ ကျပ်အဖြစ် ဆက်တိုက်တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent