လှိုင်သာယာမြို့နယ် (၆) ရပ်ကွက်၊ ရန်ကုန်-ပုသိမ် ကားလမ်းရှိ နဝဒေးဥယျာဉ်အိမ်ရာရှေ့တွင် ယနေ့ (စက်တင်ဘာ ၈ ရက်) နံနက်အစောပိုင်းက ဓားလက်နက် ကိုင်ဆောင်ထားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာ မြို့မရဲစခန်းမှ သွားရောက်စစ်ဆေးရာတွင် စစ်ဆေးသည့်အဖွဲ့၌ ပါဝင်သည့် နယ်ထိန်းတစ်ဦးဖြစ်သော ဒုတပ်ကြပ်အဆင့်ရှိ ရဲသီဟကို အမျိုးသားလေးဦးပါအဖွဲ့မှ တစ်ဦးက ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ကနဦးစုံစမ်းသိရှိရသည်။
ယင်းသို့ဓားထိုးခံရမှုကြောင့် အဆိုပါနယ်ထိန်း၏ ဝဲရင်အုံတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိပြီး ယနေ့ နံနက် ၉ နာရီခွဲခန့်က အင်းစိန်ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းသို့ ဓားဖြင့်ထိုးသူ လေးဦးကို ရဲတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူများ ဝိုင်းဝန်းပိတ်ဆို့ ရှာဖွေဖမ်းဆီးခဲ့ပြီး သုံးဦးကို ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် နဝဒေးဥယျာဉ်အိမ်ရာဝင်း၌လည်းကောင်း၊ တစ်ဦးကို နံနက် ၅ နာရီခွဲခန့်တွင် ယင်းအခင်းဖြစ်နေရာအနီးရှိ ပန်းခြံအတွင်း၌လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ် နဝဒေးဥယျာဉ်အိမ်ရာရှေ့၌ နယ်ထိန်းတစ်ဦး ဓားထိုးခံရပြီး သေဆုံး
Most Read
Most Recent
5 hours ago
5 hours ago
5 hours ago
5 hours ago
5 hours ago
5 hours ago