မြန်မာနက် အင်တာနက်အား ရန်ကုန်မြို့တွင် ကွန်ရက်ဆက်တိုက် ဖြန့်ကြက်လျက် ရှိကြောင်း သတင်းရရှိသည်။ မြန်မာနက်က ဝိုင်ဖိုင်အင်တာနက် ဝန်ဆောင်မှုကို ထက်ဝက် ဈေးလျှော့ချမှုနှင့်အတူ ကျောက်တံတားမြို့နယ်အတွက် ကွန်ရက်ဖြန့်ကြက်ခြင်းကို သြဂုတ် တတိယပတ်အတွင်း စတင်လိုက်ပြီး အရောင်းပြခန်း တစ်ခုကိုလည်း စက်တင်ဘာ ၃ ရက်တွင် ဖွင့်လှစ်ခဲ့သည်။မြန်မာနက် အနေဖြင့် လေးပတ်အတွင်း ရန်ကုန်မြို့တွင်း နှစ်မြို့နယ်ကို ကွန်ရက် ဖြန့်ကြက်နိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနက် ဝန်ဆောင်မှုကို လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတား စသည့်မြို့ နယ်များအတွင်းရှိ လမ်းတိုင်းတွင် မိုဘိုင်းဖုန်းမှတစ်ဆင့် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ထို့ပြင် မြန်မာနက် ဝန်ဆောင်မှုကို ရန်ကုန်မြို့ရှိ ကွန်ဒို ၁၅ လုံးခန့်၊ မြန်မာပလာဇာနှင့် လှိုင်သာယာစက်မှု ဇုန် ၅ တို့တွင်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။ သို့သော် တစ်မြို့လုံး အတိုင်းအတာဖြင့် မရရှိသေးကြောင်း သိရသည်။မြန်မာနက် အနေဖြင့် ဒေတာပမာဏ အကန့်အသတ်မဲ့ဖြင့် အသုံးပြုနိုင်မည့် လစဉ်သုံး Postpaid အစီအစဉ်များကို 300 Kbps မြန်နှုန်းလျှင် ကျပ် ၁၆၀၀၀၊ 500 Kbps လျှင် ကျပ် ၂၄၀၀၀၊ 1Mb လျှင် ကျပ် ၄၄၀၀၀ သို့ ဈေးနှုန်းပြောင်းလဲ သတ်မှတ်ခဲ့ပြီး မိုဘိုင်းဖုန်းမှ သုံးသမျှပေး စနစ်ဖြင့် 16 Mbps မြန်နှုန်း အထိ Prepaid ကတ် ဝယ်ယူ အသုံးပြုနိုင်ကြောင်း သိရသည်။ ယခင်နှုန်းထားမှာ ပြည်တွင်းဝင်ငွေ အချိုးအစားနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း ကြီးမြင့်လွန်းနေပြီး ယခုနှုန်းထားမှာလည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကြီးမြင့်နေကြောင်း သိရသည်။ပြည်တွင်း၌ အင်တာနက် သုံးစွဲရန်အတွက် မိုဘိုင်းဖုန်း အင်တာနက်ကိုသာ အဓိက ထားနေရပြီး ယင်းမှာ သုံးစွဲသော ဒေတာပမာဏကို အခြေခံကာ သုံးစွဲခကို ကောက်ခံသောစနစ် ဖြစ်သောကြောင့် အင်တာနက် သုံးစွဲရာတွင် အကန့်အသတ် ဖြစ်စေကြောင်း သိရသည်။ နိုင်ငံတကာတွင် အိမ်သုံး အင်တာနက်ကို WiFi စနစ်ဖြင့် လစဉ်ကြေး ပေးသွင်းကာ ဒေတာ ပမာဏ အကန့်အသတ်မဲ့ဖြင့် သုံးစွဲကြသောကြောင့် ဆော့ဖ်ဝဲများ Download ချခြင်း၊ Update လုပ်ခြင်း၊ ဗီဒီယိုများ ကြည့်ရှုခြင်းတို့ကို စိတ်ကြိုက်ပြုလုပ်နိုင်ကြောင်း သိရသည်။မြန်မာနက် အနေဖြင့် WBA-LE (Wireless Broadband Access - License Exempt) နည်းပညာသုံးပြီး CPE အင်တာနက် ဝန်ဆောင်မှုနှင့် မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုများကို ရောင်းချပေးနေကြောင်း သိရသည်။ မြန်မာနက်သည် NFS(1) လိုင်စင်ရ Frontier ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုလည်း ဖြစ်သည်။
မြန်မာနက် အင်တာနက်အား ကွန်ရက် ဆက်တိုက်ဖြန့်ကြက်လျက် ရှိပြီး ဝန်ဆောင်ခမှာ 300 Kbps မြန်နှုန်းကို လစဉ်ကြေး ကျပ် ၁၆၀၀၀ သတ်မှတ်ကာ မြန်နှုန်း 16 Mbps အထိရှိဟု သိရ