လယ်ယာကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ စုစုပေါင်းပမာဏ၏ သုည ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသေးသဖြင့် လယ်ယာနှင့် စက်မှုကဏ္ဍနှစ်ခု ချိတ်ဆက်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန် စီစဉ်နေ

လယ်ယာကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ စုစုပေါင်းပမာဏ၏ သုည ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသေးသဖြင့် လယ်ယာနှင့် စက်မှုကဏ္ဍနှစ်ခု ချိတ်ဆက်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန် စီစဉ်နေ
Published 24 August 2016
နီလာ

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် လက်ရှိအချိန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ သုည ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိနေသေးသဖြင့် လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍနှစ်ခုကို ချိတ်ဆက်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန် စီစဉ်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။
“လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုပြီး လာပြီး တင်ပြထားတာရှိပါတယ်။ လယ်ယာကဏ္ဍက ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနေ့အထိ လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒသမ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ တစ်ရာခိုင်နှုန်းတောင် မရှိဘူးဆိုတော့ နည်းတယ်ပြောရမှာပေါ့။ သူနဲ့မွေး/ရေနဲ့ နှစ်ခုပေါင်းမှ တစ်ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု လက်ရှိရင်းနှီးမြှုပ်နှံမှု မူဝါဒတွေကို တိုးမြှင့်ဖို့စဉ်းစားတဲ့ အခါမှာ လယ်ယာကဏ္ဍနဲ့ စက်မှုကဏ္ဍ နှစ်ခုကို ချိတ်ဆက်ပြီး တိုးတက်အောင် လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်” ဟု ဦးသန်းအောင်ကျော်က ပြောကြားသည်။
“လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုနည်းရတဲ့ အကြောင်းကတော့  ပွင့်ပွင့်လင်းလင်း ပြောရရင် လယ်ယာကဏ္ဍက တိုင်းပြည်ရဲ့ စီးပွားရေးမှာ ဒီနေ့အထိ အရေးပါနေတယ်။ နောက်တစ်ခုက ၇၀ ရာခိုင်နှုန်းကျော်ကျော်က လယ်ယာကဏ္ဍနဲ့ Engage ဖြစ်နေတယ် ဆိုတဲ့အခါ ဒီကဏ္ဍအပေါ် သတိကြီးကြီးနဲ့ Local ဘက်က ကာကွယ်နေတဲ့ အပိုင်းတွေ လည်းရှိတာပေါ့။ ဥပမာ-လယ်ယာကဏ္ဍ Supply Chain တစ်ခုလုံးမှာ ရင်းနှီးမြှုပ်နှံပြီး လုပ်မယ့်သူဆိုရင် နိုင်ငံခြားသားကို အမြင့် ဆုံး ၄၉ ရာခိုင်နှုန်းပဲ ပေးထားတယ်။ နိုင်ငံခြားသား ၄၉ ရာခိုင်နှုန်းထက် မပိုရဘူး။ အဲဒီ လိုပေးထားတဲ့အခါကျတော့ ပြည်တွင်းက ၅၁ ရာခိုင်နှုန်းပါရမယ်ပေါ့။ ဆိုတော့ တချို့ ကလည်း ပြည်တွင်းက ၅၁ ရာခိုင်နှုန်း  ဒေါ်လာ တစ်သိန်း၊ နှစ်သိန်းက ပြဿနာမရှိပေမယ့် ဒေါ်လာသန်းရာနဲ့ချီတဲ့ လုပ်ငန်းတွေမှာ ပြည်တွင်းက ၅၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံနိုင် ဖို့ဆိုတာ တော်တော်အကန့်အသတ်ရှိပါ တယ်။ ဒါကြောင့်လည်း ဒါကို ျွနလငနတ ပြန်လုပ်ဖို့ စီစဉ်နေပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ဒေါ်လာ ၆၄ ဘီလျံကျော်အထိ ဝင်ရောက်ထားသော်လည်း လယ်ယာကဏ္ဍတွင်မူ ဒေါ်လာ ၂၄၉ သန်းကျော်သာ ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၇ ဒသမ ၁၈၀ သန်းသာ ဝင်ရောက်ခဲ့သည်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၃၈ ဒသမ ၇၅၀ သန်း ဝင်ရောက် ခဲ့သော်လည်း၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့ခြင်း မရှိပေ။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ် လာ  ၉ ဒသမ ၆၅၀ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၀ ဒသမ၂၆၉ သန်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်  ၃၉ ဒသမ ၆၆၆ သန်းဝင်ရောက်ခဲ့ရာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်အတွင်း လယ်ယာကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၂၁၅ ဒသ မ ၅၁၅သန်းသာ ဝင်ရောက်ခဲ့ကြောင်း ရင်းနှီမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။                                   
 

Most Read

Most Recent