နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) တို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) တို့ တွေ့ဆုံဆွေးနွေး
Published 24 August 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) တို့ ယနေ့ (သြဂုတ် ၂၄ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အစီအစဉ် ၁၂ ရပ်ဖြင့် ကျင်းပလျက်ရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပရေးမူဝါဒဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေအား ရှင်းလင်းပြောကြားခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဗဟိုကော်မတီဖွဲ့စည်း ဆောင်ရွက်နေမှုအခြအနေများအား ရှင်းလင်းပြောကြားခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ခေါင်းဆောင် KNU ကရင်အမျိုးသားအစည်းရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး က ပြည်လည်ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင်များ ဖြစ်ကြသည့် PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ CNF ဒုတိယဥက္ကဋ္ဌ ဒေါက်တာလျန်မှုန်းဆာခေါင်းတို့က ဆွေးနွေးခြင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်လည်ဆွေးနွေးခြင်း စသည့်အစီအစဉ်များ ပါဝင်ကြောင်း သတင်းရရှိပါသည်။

 

 

Most Read

Most Recent